
APM ၊ ဂျူလိုင် ၁၀ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ကုလားချောင်းရွာကြီးနန့် ကုလားချောင်းရွာချေကို အဓိကဆက်သွယ်ထားသည့် တာတမံ ဆည်ပေါင်ကျိုးပေါက်လား၍ ကျောင်းသား/သူများလားလာရန် အခက်အခဲဖြစ်နီကတ်ရကြောင်း သိရသည်။
အဆိုပါမှာ တာတမံ ဆည်ပေါင်သည် ကုလားချောင်းရွာချေမှ ကျောင်းသား/ ကျောင်းသူများအသုံးပြုလားလာနီသည့် လမ်းတခုဖြစ်ပြီး မေ ၁၄ ရက်နိ Mocah ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆည်ပေါင်ကျိုးပေါက်လားရခြင်းဖြစ်သည်။
ကုလားချောင်းရွာကြီးတွင် ပုဏ္ဏားကျွန်းမြို့မှခွဲယူထားသည့်အထက်တန်း ကျောင်းခွဲဟိ၍ ကုလားချောင်းရွာချေမှ ကျောင်း သား/ကျောင်းသူများ အားလုံး ယင်းဆည်ပေါင်ကိုဖြတ်လျက် ရွာကြီးသို့ လားရောက်ကျောင်းတက်နီကတ်ရ ခြင်းဖြစ်ပြီး လက်ဟိတွင် ဆည်ပေါင်ကျိုးပေါက်လား၍ လားလာရီးအခက်ကြုံနီကတ်ရကြောင်း ရွာသားများကပြောသည်။
ကျိုးပေါက်လားသည့် ဆည်ပေါင်မှာ အကျယ် လက်တောင် ၁၆ တောင်နန့် အမြင့် ၈ ပေခန့်ထိဟိပြီး ၎င်းအပေါက်ကို ဝါးနန့် ယာယီတန်းထားချေတခုထိုးထားကေလေ့ ကျောင်းသားများ လားလာရာတွင် အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနီ များဟိနီသည်ဟုဆိုသည်။
ယင်းကြောင့် ယင်းတာတမံဆည်ပေါင်ကို ပြန်ပြုပျင်ရန် အရေးတကြီးလိုအပ်နီပြီး သက်ဆိုင်ရာမီ အယင်ဆုံး ကူညီ ဆောင်ရွက်စီလိုကြောင်း ရွာသားများက တောင်းဆိုနီကတ်သည်။
Photo – ABN

