
APM၊ ဂျူလိုင် ၁၀ / ၂၀၂၃
စပိန်ပင်လယ်ပြင်ဟိ ကန်နရီကျွန်းစုနားတွင် ပြီးခသည့် ဂျုန် ၂၄ ရက်နိမှ ဂျူလိုင် ၉ ရက်နိအထိ ၁၅ ရက်အတွင်းဆီနီဂေါ နိုင်ငံမှ ဘုတ်သုံးစီးနန့် ရွိပြောင်းလားလာလူ ၃၀၀ လောက်ပျောက် ဆုံးနီကြောင်း ရွိပြောင်းလားလာသူအကူအညီပီးရီးအဖွဲ့ Walking Borders က ပြောသည်။
ပျောက်ဆုံးနီသည့်ဘုတ်များအတွင်း ၁ စီးတွင် လူ ၆၀ ကျော်လောက်လိုက်ပါလာပြီး နောက်တစီးတွင် လူ ၅၀ မှ ၆၀ ကြား တင်ဆောင်လာခြင်းဖြစ်ကာ ဆီနီဂေါမှ စပိန်သို့လားရောက်ရန်ကြိုးပမ်းစဉ် လမ်းတွင် ပျောက်ဆုံးနီသည်မှာ ၁၅ ရက်ကြာ လားယာဖြစ်ကြောင်း Walking Borders အကြီးအကဲ ဟယ်လီနာ မာလီနိုက ဆိုသည်။
အလားတူ ဂျုန် ၂၇ ရက်နိကလေ့ လူ၂၀၀လောက်လိုက်ပါလာသည့် ဘုတ်တစီးသည် ဆီနီဂေါမှ ထွက်ခွာလားရာ အဆိုပါ ဘုတ်မှာလေ့ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနီကြောင်း မာလီနိုက ပြောကြားသည်။
ပျောက်ဆုံးနီသည့် ဘုတ်သုံးစီးစလုံးသည် ကန်နရီကျွန်းစုများထဲမှ တခုဖြစ်သည့် တန်နာရိဖ်ကျွန်းမှ ၁,၀၅၇ မိုင်လောက် အကွာ ဆီနီဂေါနိုင်ငံတောင်ဖက် ကတ်ဖ်ဖောင်တိန်းကမ်းခြီမှ ထွက်ခွာလားခြင်းဖြစ်သည်။
ဘုတ်သုံးစီးတွင်လိုက်ပါလားသူများသည် ဆီနီဂေါနိုင်ငံ၏ နိုင်ငံရီးမတည်ငြိမ်မှုနန့် အခက်အခဲများကြောင့် နိုင်ငံမှထွက်ခွာ ကာ စပိန်နိုင်ငံသို့လားရောက်ရန်ကြိုးစားကတ်သူများဖြစ်သည်။
ပြီးခသည့် ၂၀၂၂ခုနှစ်ကလေ့ ကန်နရီကျွန်းစုများကိုရောက်ဟိရန် ဖြတ်ကူးမှုကြောင့် အချေ ၂၂ ယောက်အပါအဝင် အနည်း ဆုံး ရွိပြောင်းနီထိုင်သူပေါင်း ၅၅၉ ယောက်သီဆုံးခကြောင်း ကုလသမဂ္ဂ ရွိပြောင်းနီထိုင်သူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့၏ အချက်အလက်များအရ သိရသည်။
Source – At least 300 migrants missing at sea near Spanish Canary Islands, aid group says/ Reuters
Photo – Mission Lifeline/dpa/picture alliance
