APM ၊ ဂျူလိုင် ၁၀ / ၂၀၂၃
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူချူးကျွန်းတွင် ဒေနိ(ဂျူလိုင် ၁၀ ရက်နိ)၌ မိုးပြင်းပြင်းထန်ထန်ရွာသွန်းမူကြောင့် မြီပြိုမှုများ ဖြစ်ပွားကာ လူ ၂ ယောက် သီဆုံးပြီး ၆ ယောက်ထက်မနည်းပျောက် ဆုံးနီကြောင်း အာဏာပိုင်များက ပြောပါသည်။
ကျူချူးကျွန်းမြောက်ပိုင်း၊ဖူကူအိုကာစီရင်စု၌ မိုးရီချိန် ၅၀၀ မီလီမီတာကျော် အထိရွာသွန်းခပြီးနောက် မြီပြိုကျမှုဖြစ် ပွားကြောင်း မီးသတ်နန့် ဖီးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
ဂျပန်မိုးလီဝသအေဂျင်စီက ဖူကူအိုကာနန့် အိုအီတာစီရင်စုများတွင် အရေးပေါ်သတိပီးချက်ထုတ်ပြန်ထားပြီး မြစ် ကမ်းပါးနန့် တောင်စောင်းဒေသများမှ ပြည်သူ ၁.၇သနျးကြောျကို ဖီးကင်းရာသို့ ရွှိပြောင်း နီထိုင်ဖို့ တိုက်တွန်း ထားသည်။
ယင်းအပြင် ကျူချူးကျွန်းနန့် ချူဂိုကူဒေသများတွင် မိုးရွာသွန်းမှုကြောင့် မြစ်ရီလွှမ်းမှုများဖြစ်ပေါပြီး လမ်းများပိတ်ခြင်း၊ ရထားလမ်းများပြတ်တောက်ခြင်းနန့် တချို့နီရာများတွင် ရီပီးဝီမှုများ ပြတ်တောက်နီကြောင်း သိရသည်။
ဂျူလိုင် ၇ ရက်နိကလေ့ ဖူကူအိုကာစီရင်စုတွင် မိုးရီချိန် ၆၀၀ မီလီမီတာကျော် ရွာသွန်းခပြီး လာမည့် ဂျူလိုင် ၁၁ ရက်နိအထိ မိုးရီချိန်မှာနောက်ထပ် ၁၀၀ မီလီမီတာ ပို၍ရွာသွန်းနိုင်ကြောင်းခန့်မှန်း ထားသည်။
Source – Heavy rains cause flooding and mudslides in southwest Japan, leaving 2 dead and at least 6 missing
Photo – AP