APM၊ ဂျူလိုင် ၁၀/၂၀၂၂
ဂျူလိုင် ၉ ရက်နိက အမ်းမြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကိုနင်းမိ၍ အသက် ၁၅ နှစ်အရွယ် ကျောင်းသား ချေတယောက် သီဆုံးလားကြောင်း သိရသည်။
မိုင်းပေါက်ကွဲ၍ သီဆုံးလားသူမှာ အမ်းမြို့နယ်၊ ကဇုကိုင်းရွာ က ၈ တန်းကျောင်းသား မောင်စည်သူကျော်လင်း (ခေါ်)လင်းလင်း(၁၅နှစ်)ဖြစ်ပြီး ဂျူလိုင် ၉ ရက်နိ မိုးထ ၉ နာရီခွဲလောက်က ရွာနားဟိ တောင်ထက်သို့ ဝါးတုတ် ချိုးဖို့လားခစဉ် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိကာ ပေါက်ကွဲ၍ သီဆုံးခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် မောင်စည်သူကျော်လင်းမှာ ယင်းနီရာ၌ပင် ပွဲချင်းပြီးသီဆုံးခကေလေ့ သူ့အလောင်းကို ဒေနိ (ဂျူလိုင် ၁၀ ရက်နိ) မိုးထရောက်မှ တွိရကြောင်း ရွာသားများက ပြောသည်။
“မိုင်းစွာ ရွာနားက တောင်မှာ ညကပင် ကွဲသံကြားလိုက်ရပါရေ။ အလောင်းကိုတော့ ဒေနိမိုးထကမှ ရှာလို့တွိ ပါရေ။အဂုတော့အလောင်းကိုသယ်လာခလို့ ရွာနားကဘောလုံးကွင်းသို့ရောက်နီပါယာ”ဟုရွာသား တယောက် က ဆိုသည်။
ယင်းမိုင်းပေါက်ကွဲသည့် တောင်ထက်၌ လက်ဟိအချိန်ထိ စစ်ကောင်စီတပ်က တပ်စွဲနီရာ ယူထားလျက်ဟိပြီး ယင်းတောင်က ပေါက်ကွဲသံများ မကြာမကြာ ကြားရသည်ဟု ရွာသားများပြောကြားချက်အရ သိရသည်။
ကုန်ခသည့် ဂျူလိုင် ၈ ရက်နိကလေ့ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ် (မူဆလင်ရွာ) က ဆယ်ကျော်သက် အရွယ်အချေ ၄ ယောက်သည် ရွာအပြင်သို့ နွားကျောင်းလားစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကို နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ် ရာရလားကာ တယောက်မှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။
ရက္ခိုင်ပြည် မြို့နယ်များ၌ ကုန်ခသည့် မေလမှစ၍ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပွားနီပြီး အပြစ်မဲ့ အရပ်သားများ သီဆုံးမှု၊ ထိခိုက်ဒဏ်ရာမှုများ ဆက်တိုက်ဖြစ်ပွားလျက်ဟိသည်။
မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့် နီးစပ်သည့်နီရာများ၊ စစ်ကောင်စီတပ် တပ်စွဲနီ ထိုင်ခသည့်နီရာများနန့်အယင်ကတိုက်ပွဲဖြစ်ပွားခသည့်နီရာများ၌ နွားကျောင်းနီစဉ်ဖြစ်စီ၊ လယ်ထွန်နီစဉ်ဖြစ်စီ၊ တောင်သို့ဟင်းရှာလားစဉ်ဖြစ်စီ ပေါက်ကွဲ ခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားများ ၏ ကိုယ်လက်အင်္ဂါ၊ အသက်ဆုံးယှုံးမှု၊ ဒေသခံလယ်သမားများ ပိုင်ဆိုင်သည့် ကျွဲ၊နွားသီဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက် ဟိကြောင်း သိဟိရပါသည်။
(Zawgyi)
အမ်းမှာ စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကို နင်းမိ၍ ၁၅ နှစ်အရွယ် ကျောင်းသားချေ တယောက် သီဆုံး
APM၊ ဂျူလိုင် ၁၀/၂၀၂၂
