APM၊ ဂျူလိုင် ၁၀/ ၂၀၂၂
အစ္စလာမ်ဘာသာရီးပွဲတော်“ကုရ်ဘာနီနိ”အထိမ်းအမှတ် “ရက္ခိုင်-မူဆလင်” ချစ်ကြည်ရင်းနှီးမှု ပို၍ခိုင်မာစီလိုသည့် ရည်ရွယ်ချက်ဖြင့် ဂျူလိုင် ၉ ရက်နိတွင် ULA/AA က ထိန်းသိမ်းထားသည့် မူဆလင် ၈ ယောက်အား ပြန်လွှတ်ပီးပြီး မူဆလင်ရွာ ၂၂ ရွာအား အဝတ်အထည်များ ပီးအပ်လှူဒါန်းခကြောင်း သတင်းရဟိပါသည်။
ယင်းသို့ မွန်မြတ်သည့်ရည်ရွယ်ချက်ဖြင့် ပြန်လွှတ်ပီးလိုက်သော မူဆလင် ၈ ယောက်မှာ ဘူးသီးတောင် မြို့နယ်၊ ဘုရားပြင်အောင်ဘရွာမှမော်လဝီမာမောက်တာမီ(ဖ)ခေါ်ဘီရာမောက်၊ ခေါ်လီမူလ္လာ(ဖ) လာလာမျာ၊ အာယက် ဖိုယက်(ဖ)ရှော်ရီဟူဆောင်းနန့် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်(မူဆလင်)ရွာမှ ရော်ဖီး(ဖ)အဒူဆလင်၊ မာမောက်တူဆောင်း(ဖ)အာမီဟူဆောင်း၊ ဆွေယောစ်နိုရ်(ဖ)ဆွေယောစ်ကော်ဘီ၊ နိုရ်ရူဆာဒိတ်(ဖ) မာမောက် အာယာစ်နန့် ဘူးသီးတောင်မြို့နယ်၊ ရီချမ်းပြင်ရွာသစ်မှချုပ်ကူ(ဖ)အာယူမာလီ ရို့ ဖြစ်ကတ်ပါသည်။
သူရို့အားလုံးကို ဂျူလိုင် ၉ ရက်နိတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ ရက္ခိုင်ပြည်သူ့အာဏာ ပိုင်အဖွဲ့တာဝန်ဟိသူများက သက်ဆိုင်ရာမိသားစုများထံ အခမ်းအနားဖြင့် လွှဲပြောင်းအပ်နှံလိုက်သည်။
အခမ်းအနား၌ လွတ်ငြိမ်းချမ်းသာခွင့်ပီးခြင်းနန့်စပ်လျဉ်း၍ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၏ တာဝန်ဟိသူတဦးက “ကုရ်ဘာနီနိ အထိမ်းအမှတ်“ရက္ခိုင်-မူဆလင်”ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစီလိုသည့် ရည်ရွယ်ချက် ဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပီးခြင်းဖြစ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထိန်း သိမ်းရာတွင်လေ့ ခွဲခြား၍ ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ အပြစ်ကျူးလွန်သူကိုရာ ဖမ်းဆီးထိန်းသိမ်းခခြင်း ဖြစ်ပါ ကြောင်းအပါအဝင် အာရက္ခနိုင်ငံတော်ထူထောင်ရာ၌လေ့ မူဆလင်များအနီနန့် အတူတကွ ပူပေါင်းပါဝင် ဆောင်ရွက်မည့် အကြောင်းများကို သက်ဆိုင်ရာမိသားစုများထံ အပ်နှံရာ၌ ထည့်သွင်းပြောကြားခကြောင်း” ဆိုသည်။
ယင်းပြင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့တာဝန်ဟိသူများက”ကုရ်ဘာနီနိ”အထိမ်းအမှတ်အဖြစ်ဘူးသီးတောင် မြို့နယ်မှ မူဆလင်ရွာပေါင်း ၂၂ ရွာမှ မူဆလင်အမျိုးသား/အမျိုးသမီးအယောက် ၄၅၀ အား အဝတ်အထည်များ ပီးအပ်လှူဒါန်းခသည်။
အလှူပွဲသို့တက်ရောက်လာသော မူဆလင်ဂေါင်းဆောင်များက ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အနီဖြင့် အဂုပိုင် အစ္စလာမ်ဘာသာဝင်များ၏ရက်ကြီးရက်မြတ်ဖြစ်သောကုရ်ဘာနီနိကို အသိအမှတ်ပြု၍ အလှူပီးခြင်း၊ အကျဉ်းသားများအားလွတ်ငြိမ်းချမ်းသာခွင့်ပီးခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ဟိပါကြောင်း တုံ့ပြန်ပြောကြားခကတ်ပါသည်။
(Zawgyi)
အစ္စလာမ်ဘာသာရီးပွဲတော်“ကုရ်ဘာနီနိ”အထိမ်းအမှတ်အဖြစ်“ရက္ခိုင်-မူဆလင်” ချစ်ကြည်ရင်းနှီးမှု ပို၍ခိုင်မာ စီလိုသည့် ရည်ရွယ်ချက်ဖြင့် ULA/AA က ထိန်းသိမ်းထားသော မူဆလင် ၈ ယောက်အား ပြန်လွှတ်ပီး၊ မူဆလင်ရွာ ၂၂ ရွာအား အဝတ်အထည်များ ပီးအပ်လှူဒါန်း
APM၊ ဂျူလိုင် ၁၀/ ၂၀၂၂