
APM ၊ ဂျုန် ၁၀ /၂၀၂၃
ရက္ခိုင်ပြည်မြို့နယ်များတွင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းမှစ၍ ခြင်မှတဆင့်ကူးစပ်သည့် သွီးလွန်တုပ်ကွေးရောဂါ ဖြစ် ပွားမှု သိသိသာသာ များလာနီကြောင်း ကျန်းမာရီးဌာန၏စာရင်းများအရ သိရသည်။
ဒေနှစ် ဂျန်နဝါရီလမှ ဂျုန် ၆ ရက်နိအထိ ရက္ခိုင်ပြည်တဝန်းတွင် သွီးလွန်တုပ်ကွေး ရောဂါဖြစ် ပွားသူ ၁၀၉ ယောက်ဟိခပြီး ယင်းအထဲတွင် မေလအတွင်း ရောဂါဖြစ်ပွားသူ ၇၉ ယောက်အထိဟိသည်ဟုဆိုသည်။
မုန်တိုင်းတိုက်ခတ်စဉ် ဖြားရီမြင့်တက်ခသည့် ရက္ခိုင်ပြည်မြို့နယ်များတွင် ရီမြောင်းများအတွင်း၌ ရီဆိုး၊ရီညစ်များ တင်ကျန် ခပြီး ယင်း ရီဆိုး၊ရီညစ်များမှတဆင့် လက်ဟိ ခြင်ပေါက်ဖွားမှုများပြားကာ သွီးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားလာ ခြင်းဖြစ်ကြောင်း သိရသည်။
ရာသီတုပ်ကွေး ရောဂါလက္ခဏာနန့် ဆင်တူသည့်အဆိုပါ သွီးလွန်တုပ်ကွေးရောဂါမှာ အသက် ၁၅ နှစ်အောက် အချေများနန့် သက်ကြီးပိုင်းများတွင် အဖြစ်များပြီး တခါတရီ အသက်သီဆုံးနိုင်ကြောင်း ကျန်းမာရီး ဌာနက အသိပီးထားသည်။
သွီးလွန်တုပ်ကွေး ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားနန့် အဆစ်အမြစ် ကိုက် ခြင်း၊ မျက်လုံးနာခြင်း၊ ဝမ်းနာ၊ဝမ်းအောင့်ခြင်း၊ ပျို့အန်ခြင်းနန့် ခန္ဓာကိုယ်အနှံ့ အနီအကွက်များပေါ်ခြင်း စသည့် ရောဂါ လက္ခဏာများပြသကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနီအိမ် သိန်းချီပျက်စီးဆုံးယှုံးခရပြီး အဆိုပါ လီဖီးသင့်ဒေသခံအများစုမှာ လက်ဟိအချိန်ထိ နီအိမ်များကို ပြန်လည်မတည်ဆောက်နိုင်သိမ့်ဘဲ အပျက်အစီးများ ကြားထဲတွင် ဒုက္ခအမျိုးမျိုးဖြင့် နီထိုင်နီကတ်ရကြောင်း သိရသည်။
