
APM၊ ဂျုန် ၁၀ / ၂၀၂၃
ပစိဖိတ်သမုဒ္ဒရာတွင် အယ်လ်နီညိုဟုခေါ်သည့် သဘာဝရာသီဥတုဖြစ် စဉ် စတင်ဖြစ်ပေါ်နီခြင်းကြောင့် ကမ္ဘာတဝှမ်း ရာသီ ဥတု ဖောက်ပြန်မှုနန့် အပူချိန်များ တိုးလာနိုင်ကြောင်း အမေရိကန် သမုဒ္ဒရာနန့် လီထုကွပ်ကဲရီးဌာန (NOAA) က ဂျုန် ၈ ရက်နိတွင် ထုတ်ပြန်သည်။
အယ်လ်နီညို စတင်ဖြစ်နီခြင်းကို အမေရိကန် သိပ္ပံပညာသျှင်များက အတည်ပြုလိုက်ခြင်းဖြစ်ပြီး အဆိုပါရာသီဥတုကြောင့် လာမည့် ၂၀၂၄ ခုနှစ်သည် ကမ္ဘာတွင် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ဆိုသည်။
အယ်လ်နီညိုရာသီဥတုအကြောင်းကို စောင့်ကြည့်လေ့လာနီသည့် အမေရိကန်ကြိုတင်ခန့်မှန်းရီးပညာသျှင် Adam Scaif က အယ်လ်နီညိုရာသီဥတုသည် လက်ဟိတွင် အဟိန်မြင့်လာနီပြီး ဒေနှစ်ကုန်မှာ ရာသီဥတု ဆိုးဝါးစွာ ဖောက်ပြန်နိုင်ကြောင်း ပြောကြားသည်။
အယ်လ်နီညိုအပူလှိုင်း၏ သက်ရောက်မှုများကြောင့် ကမ္ဘာ့ရာသီဥတုအပူချိန်သည် 1.5C ခန့်တိုးလာမည်ဖြစ်ကာ သြစတြီး ယားတွင် မိုးခေါင်ခြင်း၊ အမေရိကန်တောင်ပိုင်းတွင် မိုးပိုများလာခြင်းနန့် အိန္ဒိယသမုဒ္ဒရာတွင် မုတ်သုံလီအားကို လျော့နည်း လာစီမည်ဖြစ်ပြီး အဆိုပါဖြစ်ရပ်သည် လာမည့်နှစ် နွီဦးအထိ ကြာမြင့်မည်ဟု ဆိုသည်။
မြန်မာပြည်တွင် လွန်ခသည့် ဆယ်စုနှစ်အတွင်းက အယ်လ်နီညို ရာသီဥတုဖြစ်စဥ်နန့် ကြုံတွိခရပြီး စံချိန်တင် အပူချိန် ပြင်း ထန်မှု၊ ရီအလွန်ယှားပါး၍ စိုက်ပျိုးရီ၊ သောက်သုံးရီ အခက်အခဲများကို ဆိုးဝါးစွာကြုံတွိရမှုအပြင် အပူချိန်ပြင်းထန်လွန်ကဲ မှုကြောင့် လူအများ သတိလစ်၊ သီဆုံးမှုများ ဖြစ်ပေါ်ခကြောင်း သိဟိရသည်။
Source El Nio planet-warming weather phase has begun
Photo – BBC
