APM၊ ဂျုန် ၁၀/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) နန့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားသော ကျောက်ဖြူမြို့ခံ နှစ်ယောက်အမှုကို ဒေနိ (ဂျုန် ၁၀ ရက်နိ) မှာ ကျောက်ဖြူမြို့နယ်တရားရုံး၌ မြန်မာပြည် အပေါ် အကြည်အညိုပျက်စီမှု ပုဒ်မ ၅ဝ၅(က)နန့် တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
တရားစွဲတင်ခံရသူနှစ်ယောက်မှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့ (၅၆ နှစ်) ရို့ဖြစ်ကတ်ပြီး သူရို့ကို ULA/AAအတွက် ငွေကြေးကောက်ခံသည်ဟုဆိုကာ ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ်၊ ခလရ (၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မေ ၂၆ ရက်နိကပင် ဖမ်းဆီးလားခခြင်း ဖြစ်သည်။
ယင်းနောက် စစ်ကောင်စီက သူရို့ကို ဒေနိ(ဂျုန် ၁၀ရက်နိ)တွင် ပထမဆုံးအကြိမ် ရုံးထုတ်ကာ ပုဒ်မ ၅၀၅(က)နန့် တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်တယောက်က ဆိုသည်။
“ဒေနိမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပါရေ။ ယေပြီးကေ ပုဒ်မ ၅၀၅(က)နန့် မြို့နယ်တရားရုံးမှာ အမှုကို တရားစွဲတင် ပါရေ။ နောက်ထပ် ဒေလ (၂၃) ရက်နိကို ရုံးချိန်းလိုက်ပါရေ” ဟု ယင်း မိသားစုဝင်က ပြောသည်။
ဦးသန်းလှိုင်နန့်ဒေါ်ခင်အုန်းနွဲ့ကို မေ ၂၆ ရက်နိက ရဲတပ်ဖွဲ့နန့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရီးမှူးများမပါဘဲ အရပ် ဝတ်နန့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက်က ဖမ်းလားခပြီး၊ မေ ၂၇ ရက်နိမှာ ကျောက်ဖြူထောင်ချုပ်သို့ ပို့ဆောင် ထားခသည်။
အေရက်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ်၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)နန့် ဆက်စပ် ပတ်သက်သူများကို စစ်ကောင်စီတပ်က အပူတပြင်းပိုက်စိုက်တိုက် စီးနင်း လိုက်လံရှာဖွီနီကြောင်း သိဟိရပါသည်။

