APM ၊ မေ ၁၀ / ၂၀၂၃
မုန်တိုင်းကြောင့် ရက္ခိုင်ပြည်တွင်းရီကြောင်း ခရီးစဉ်တချို့ကို ဒေနိ( မေ ၁၀ ရက်နိ) မှစကာ ယာယီရပ်နားထားကြောင်း သိရ သည်။
ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတွင် ဖြစ်ပေါ်နီသော အားကောင်းသော မုန်တိုင်းချေ (Deep Depression) သည် မေ ၁၁ ရက်နိ၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အဖြစ်သို့ ရောက်ဟိနိုင် ပြီး လာမည့် မေ ၁၄ ရက်နိတွင် ရက္ခိုင်ကမ်းရိုးတန်းသို ဝင်ရောက်နိုင်ကြောင်း မိုးလီဝသပညာသျှင်များကခန့်မှန်းထား သည်။
ယင်းသို့ မုန်တိုင်း ဝင်ရောက်လာနိုင်အတွက် ရက္ခိုင်ပြည်တွင်းရီကြောင်းလိုင်းတခုဖြစ်သည့် ရွှီပြည်တန် အမြန်ရီယာဉ်၏ စစ်တွေမှ ကျောက်ဖြူ။ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောက်သို့ ဗြီးဆွဲနီသည့် ခရီးစဉ်များကို ဒေနိကစ၍ ယာယီရပ်နားထား ပြီး မုန်တိုင်းပြီးမှရာ ပြန်လည်ဗြီးဆွဲမည်ဟု တာဝန်ဟိသူများကပြောသည်။
ယေကေလေ့ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့်မြို့နယ်များကိုတော့ ပုံမှန်အတိုင်း ဆက်လက်ဗြီးဆွဲနီဆဲဖြစ် ပြီး မုန်တိုင်း အခြေအနီကို စောင့်ကြည့်နီကာ လိုအပ်မှရာ ရပ်နားလားမည်ဟု ဆိုသည်။
ယင်းအပြင် စစ်တွေ-ရန်ကုန်၊ သံတွဲ-စစ်တွေ-ရန်ကုန် စသည့် လီလမ်းကြောင်းလိုင်းများမှာလေ့ ပုံမှန်အတိုင်း ဗြီးဆွဲလျက်ဟိ ကြောင်း သိရသည်။