
APM ၊ မေ ၁၀ / ၂၀၂၃
ဘာစီလိုနာအသင်းခေါင်းဆောင် ဆာဂျီယို ဘူးစကွတ်သည် လာမည့်ဂျုန် ၃၀ ရက်နိ စာချုပ်ကုန်ဆုံးချိန် ဘာစီလိုနာမှ ထွက်ခွာမည်ဟု ကလပ်အသင်းအား အသိပီးပြောကြားထားကြောင်း MARCA ကဖော်ပြသည်။
ဘာစီလိုနာနည်းပြဇာဘီက လာမည့်ရာသီတွင် သူ၏အသင်းဖော်ဟောင်း ဘူးစကွတ်အား အသင်း၌ ဆက်ဟိစီချင်ကေလေ့ ကဇတ်သမားက ရာသီကုန်တွင် ဘာစီလိုနာမှ ထွက်ခွာရန်ဆုံးဖြတ်ခခြင်းဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် ကွင်းလယ်လူ ဘူးစကွတ်သည် ၂၀၀၅ ခုနှစ်တွင် ဂျာဘတ်အသင်းကနီ ဘာစီလိုနာသို့ ပြောင်းရွှိလာ ပြီး အသင်းအတွက် ၁၈ နှစ်ကြာကဇတ်ထားရာ ပြိုင်ပွဲစုံ ၇၁၉ ပွဲတွင် သွင်းဂိုး ၁၈ ဂိုးနန့် ဂိုးဖန်တီးမှု (၄၅) ကြိမ် ပြုလုပ် ပီး ထားသည်။
ယင်းအပြင် ဘာစီလိုနာအသင်းနန့်တတူ ချန်ပီယံလိဂ် (၃) ကြိမ်၊ လာလီဂါ (၉) ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား (၃) ကြိမ်၊ ဥရောပ စူပါဖလား (၃) ကြိမ်၊ စပိန် ကိုပါဒယ်ရေး (၇) ကြိမ်၊ စပိန် စူပါဖလား (၇) ကြိမ် ရယူထားပြီး လက်ဟိ အချိန်ထိ စုစုပေါင်း ဆု ဖလား ၃၁ လုံးရယူထားသည်။
လက်ဟိတွင် ဘူးစကွတ်ကို ဆော်ဒီထိပ်သီးကလပ် အယ်ဟီလယ်အသင်းမှ ပြောင်းရွိကြေးအများအပြားအသုံးပြု၍ ခေါ်ယူ မည်ဟု သတင်းများထွက်ပေါ်နီသည်။
Source – When the contract ends, Sergio Busquets will leave Barcelona
Photo – COPE
