
APM ၊ မေ ၁၀ / ၂၀၂၃
မန်စီးတီး တောင်ပံတိုက်စစ်ကဇတ်သမား ဂရီးလစ်က သူရို့အသင်းအနီနန့် ဒေနိ (မေ ၁၀ ရက်နိ)မိုးထဖက် ကဇတ်ခသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် ရီးရဲအသင်းကို အနိုင်မရခကေလေ့ ဒုတိယအကျော့ အိမ်ကွင်းမှာ အနိုင်ယူပြ မည်ဟု ပြောကြားလိုက်သည်။
ဒေနိမိုးထက ကဇတ်ခသည့် မန်စီးတီးနန့် ရီးရဲရို့၏ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပထမအကျော့တွင် ၁ ဂိုး ၁ ဂိုးစီ သရေကျ ခပြီး ယင်း ပွဲစဉ်အတွင်း ရီးရဲအတွက် သွင်းဂိုးကို ပွဲချိန် ၃၆ မိနစ်တွင် အသင်းတောင်ပံကဇတ်သမား ဗင်နီစီးယပ်စ်ကသွင်း ယူခပြီး မန်စီးတီးအတွက် ချေပဂိုးကိုတော့ ကွင်းလယ်ကဇတ်သမား ဒီဘရိုင်းက သွင်းယူပီးခသည်။
ပွဲအပြီးသတင်းစာယှင်းလင်းပွဲ၌ ဂရီးလစ်က “ကျနော်ရို့က အယင်နှစ်ကပင် အတွိအကြုံကောင်းတိ အများကြီးဟိပါရေ။ ဒေ နှစ်မှာ ကျနော်ရို့အသင်းက မတူညီရေ ကဇတ်သမားတိနန့် ဖွဲ့စည်းထားရေအသင်းသစ်တခုဖြစ်နီပါဗျာယ်။ကျနော်ရို့အသင်း မှာ အတွိအကြုံဟိရေကမ္ဘာ့အဆင့်မီလူငယ်ကဇတ်သမားတိဟိပါရေ။ ဒေပွဲကို အနိုင်ရဖို့ကြိုးစားခကေလေ့ လိုချင်ရေ ရလဒ် ကို မရခပါ။ ယင်းကြောင့် ဒုတိယအကျော့မှာ ရီးရဲကိုအနိုင်ကန်ဖို့ ပြင်ဆင်ထားပါရေ” ဟု ဆိုသည်။
အသက် ၂၇ အရွယ် ဂရီးလစ်သည် ဒေဂုရာသီ ပရီးမီယားလိဂ်တွင် မန်စီးတီးအသင်းနန့် တတူ ၂၇ ပွဲပါဝင်ကဇတ်ထားပြီး ၅ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၇) ကြိမ်ပြုလုပ်ထားသည်။
လက်ဟိတွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် အမှတ်ပီးဇယားတွင် ရမှတ် ၈၂ မှတ်ဖြင့် ဇယားထိပ်ဆုံး၌ ရပ်တည် နီပြီး ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမည့် မေ ၁၈ ရက်နိတွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Source – Real Madrid 1-1 Man City: Jack Grealish says City are ‘unstoppable’ at home but who will win?
Photo – Football Today
