
APM၊ မေ ၁၀/ ၂၀၂၃
ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နီသော အားကောင်းသောမုန်တိုင်းချေ(Deep Depression)သည် မေ ၁၁ ရက်နိ၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အဖြစ် သို့ရောက်ဟိနိုင်ပြီး လာ မည့် မေ ၁၄ ရက်နိတွင် ရက္ခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ကြောင်း မိုးလီဝသပညာသျှင်များ၏ ခန့်မှန်းပြောဆို ချက် အရ သိရသည်။
လက်ဟိ၌ အဆိုပါ မုန်တိုင်းချေသည် စစ်တွေမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၇၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ပင်လယ်ပြင်ကို ဗဟိုပြုနီပြီး မိုးလီဝသနန့်ဇလဇေဒဦးစီးဌာန၏ တိုင်းတာချက်များအရ မုန်တိုင်းချေ၏ ဗဟိုချက်လီဖိအားမှာ (၁၀၀၂) ဟက်တိုပါစကယ်နန့် အမြင့်ဆုံး လီတိုက်နှုန်းမှာ တနာရီလျှင် မိုင် (၃၀)နှုန်းနန့် တိုက်ခတ်နီသည်ဟု ဆိုသည်။
ယင်းမုန်တိုင်းချေသည် မေ ၁၁ ရက်နိ၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ မေ ၁၂ ရက်နိတွင် ဘင်္ဂလားပင်လယ်အော် အရှိတောင်ပိုင်းနန့် အလယ်ပိုင်းရို့တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ဟိနိုင်ကာ ယင်းမှ တဆင့် အရှိမြောက်ဖက်သို့ တဖြေးဖြးကွေ့လျက် မေ ၁၄ ရက်နိတွင် ကျောက်ဖြူမြို့နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့ ရို့ အကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း မိုးလီဝသပညာသျှင်များက ခန်းမှန်းထားသည်။
အဆိုပါ မုန်တိုင်းသည် ရက္ခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်လာပါက လီတိုင်နှုန်းမှာ တနာရီလျှင် မိုင် ၁၄၀ ခန့်ဖြင့် တိုက်ခတ်နိုင်သည်ဟု ဆိုသည်။
ယင်းကြောင့် အာရက္ခပြည်သူများအား လက်ဟိဖြစ်ပေါ်နီသည့် မုန်တိုင်း အခြေအနီနန့်ပတ်သက်၍ ပေါ့ပေါ့ဆဆမနီကတ် ရန်၊ ကမ်းနား၊ကမ်းဝီး ငါးဖမ်းရီယာဉ်များ၊ ခရီးသည်တင်ရီယာဉ်များ နန့် တခြား ပင်လယ်၊ မြစ်ချောင်းများ၌ အသက်မွီးဝမ်း စာရှာဖွီနီကတ်သော လုပ်သားပြည်သူများအနီနန့် မုန်တိုင်းအန္တရာယ်ကို အထူးသတိထားကတ်ရန် ဖြစ်နိုင်ပါကအ လုပ်များ ရပ်နားထားကတ်နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က သတိပီးထုတ်ပြန်ထားသည်။
