APM ၊ မေ ၁၀ / ၂၀၂၃
နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များဖော်ပြလျက်ဟိသော El Dorado Weather ၏ မေ ၉ ရက်နိ ထုတ်ပြန် သည့် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာပြည် မှ မြို့ ၆ မြို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ မြို့များမှာ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့၊ တောင်ငူမြို့ နန့် ပြည်မြို့ရို့ဖြစ်သည်။
ထုတ်ပြန်ချက်အရ ချောက်မြို့သည် အပူချိန် ၄၅ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နန့် ကမ္ဘာ့အဆင့် ၂ ၊ မကွေးမြို့က ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နန့် အဆင့် ၆၊ မင်းဘူးမြို့က ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နန့် အဆင့် ၉၊ ညောင်ဦးမြို့က အပူချိန် ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နန့် အဆင့် ၁၀၊ တောင်ငူမြို့က ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နန့် အဆင့် ၁၁ နန့် ပြည်မြို့က ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၅ နေရာတွင် ဟိသည်ဟု ဆိုသည်။
အလားတူ ကမ္ဘာ့အပူဆုံးမြို့များအဖြစ် မြန်မာပြည်မြို့အချိုနန့်အတူ ဆီနီဂေါနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ပါကစ္စတန်၊ နိုင်ဂျာ နန့် ချက်နိုင်ငံရို့မှ မြို့များလေ့ပါဝင်ကြောင်း El Dorado Weather ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref; El Dorado Weather
Photo – Reuter