APM ၊ မေ ၁၀ / ၂၀၂၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၁၉၉၆ ခုနှစ်တွင် အမျိုးသမီးပင်တိုင်ဆောင်းပါးသျှင်တဦးကို လိင်ပိုင်းဆိုင် ရာစော်ကားမှုများအတွက် ဥပဒေအရတာဝန်ဟိသည်ဟုဆိုကာ နစ်နာသူအမျိုးသမီးကိုဒေါ်လာ ၅ သန်းလျော်ကြေးပီးဆောင် ရန် နယူးယောက်မြို့တရားရုံးက မေ ၉ ရက်နိတွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထရမ့်သည် ဆောင်းပါးသျှင် E. Jean Carroll ကို လိင်ပိုင်းဆိုင်ရာစော်ကားခပြီး Carroll ၏ နာမည်ဂုဏ်သတင်းကို ထိခိုက် ပျက်စီးစီခသည်ဆိုကာ တရားရုံးက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
Carroll က ထရမ့်သည် မန်ဟက်တန်ဟိ နာမည်ကြီးစတိုးဆိုင်တခု၏ အဝတ်လဲခန်းတွင် သူမအား အဓမ္မ ပြုကျင့် ခသည် ဟုဆိုကာ စွဲဆိုထားခြင်းဖြစ်ပြီး ယင်းအဓမ္မပြုကျင့်မှုကိုတော့ တရားရုံးက ပယ်ချခသည်။
ထရမ့်ကတော့ ယင်းအမှုသည် လုပ်ကြံလိမ်လည်ဇာတ်လမ်းဆင်မှုရာဖြစ်ပြီး Carroll ကို သူမသိကြောင်း၊ တရားရုံး၏ ဆုံး ဖြတ်ချက်မှာ ကျက်သရေမဲ့သည့် လုပ်ကြံစွဲချက်များသာဖြစ်ကြောင်း ၎င်း၏လူမှုမီဒီယာတွင် တုံ့ပြန်ရွီးသားထားသည်။
Source – Trump sexually abused writer E. Jean Carroll, must pay her $5 million, jury says
Photo – Reuter