
APM ၊ ဧပြီ ၁၀ / ၂၀၂၃
ရက္ခိုင်စာရွီးဆရာမတဦးဖြစ်သူ ဆရာမလင်းလက်ချို (ကျောက်တော်) ရွီးသားသော “အချစ်သက်သီ လွမ်းသူ့မြီ ဝတ္ထုတို စုစည်းမှု” စာအုပ်မိတ်ဆက်ပွဲကို ဧပြီ ၉ ရက်နိက ကျောက်တော်မြို့တွင် ကျင်းပပြုလုပ်ခကြောင်း သိရသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီ ၉ ရက်နိ နိခင်း ၁၂ နာရီခန့်၌ ကျောက်တော်မြို့ သာသနာ့ ဗိမာန်ဝင်းထဲဟိ စာရွီးဆရာအသင်းရုံး၌ကျင်းပပြုလုပ်ခပြီး စာရွီးဆရာ/ဆရာမများ၊ စာပီဝါသနာသျှင်များ၊ စိတ်ပါဝင်စားသူများ အပါအဝင် စုစုပေါင်း ၈၀ကျော် တက်ရောက်ခသည်။
လင်းလက်ချို(ကျောက်တော်)၏ အဆို ပါစာအုပ်၌ သူကိုယ်ကိုင် ရွီးသားပြီးမဂ္ဂ ဇင်းများတွင်ဖော်ပြခသည့် ဝတ္ထုတို ၁၁ ပုဒ် ပါဝင်သည်။
“အချစ်သက်သီ လွမ်းသူ့မြီ”မှာ လင်းလက်ချို(ကျောက်တော်)၏ ပထမဆုံးထုတ်ဝီသည့် စာအုပ်တအုပ်ဖြစ်ပြီး စာဖတ် သူတိုင်း စိတ်ဝင်စားရလောက်အောင် ရသမျိုးစုံဖြင့် စုံစုံလင်လင် ဖော်ပြရွီးသားထားသော ဝတ္ထုတိုများကို ရွီးချယ်ထား ခြင်းဖြစ်သည်။
လက်ဟိ လင်းလက်ချို(ကျောက်တော်)သည် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် မိသားစုနန့်အတူ နီထိုင် လျက်ဟိကြောင်း သိရသည်။

