
APM ၊ ဧပြီ ၁၀ / ၂၀၂၄
ဒေနိအချိန်ခါမာ အာရက္ခတပ်တော်၏ အတိုင်းအတာတရပ်အထိ ရဟိလာရေ အောင်မြင်မှုတိကို ရဟိလာဖို့အတွက် အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ကြိုးစားပနာ စွန့်စားပီးဆပ်မှုတိနန့် တိုက်ပွဲဝင်ခကတ်တေ တယောက်ချင်းစီကို ချီးမွမ်းဂုဏ်ပြုကျေးဇူးတင်ကြောင်း ဒေနိ ဧပြီ ၁၀ ရက်နိကျရောက်တေ (၁၅)နှစ်မြောက် အာရက္ခတပ်တော်နိ တပ်မှူးချုပ်သဝဏ်လွှာမာ ဖော်ပြထားပါရေ။
စစ်မြီပြင်အသီးသီးမာ တိုက်ပွဲဝင်၊ အုပ်ချုပ်ထောက်ပံ့ရီးအထူးတာဝန်တိနန့် တာဝန်ကျရာ ဒေသအသီးသီးမာ အထက်ကပီးအပ်လာရေ အမိန့်နန့်တာဝန်ကို ထမ်းဆောင်ယင်း အသက်နန့်ခန္ဓာ ပီးဆပ်လားရရေ ကိုယ်လက်အင်္ဂါတိ ဆုံးယှူံးလားရရေ ရဲဖော်ရဲဖက်တိကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုရေလို့ ဆိုပါရေ။
အထက်က ပီးအပ်လာရေ အမိန့်နန့်တာဝန်အတိုင်း စစ်မြီပြင်အသီးသီးမာ ရဲဝံ့သတ္တိအပြည့်နန့် ဆက်လက်တိုက်ပွဲဝင်နီကတ်တေ တပ်မှူး၊တပ်သားတပ်ဖွဲ့ဝင်အားလုံးနန့် ULA အဖွဲ့ဝင် ရဲဖော်ရဲဖက်တိကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာမာ ထည့်သွင်းဖော်ပြပါရေ။
အဖက်ဖက်က တတ်နိုင်သမျှ တွဲလက်ကူညီပီးကတ်တေ မဟာမိတ်ညီနောင်တိ ဆက်စပ်မဟာမိတ် ရဲဘော်ရဲဘက်တိကို ကျေးဇူးတင်ကြောင်း ဆိုပါရေ။
အာရက္ခပြည်သားမဟုတ်ကေလေ့ မိမိရို့တော်လှန်ရီးကို လေးစားချစ်ခင်စေတနာထားပြီး ဝန်းရံကူညီပံ့ပိုးပီးနီကတ်တေ ဆီးပညာသျှင်တိနန့် အခြားပညာသျှင်အသီးသီးရို့ကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဖော်ပြထားပါရေ။
စစ်ပွဲ၏ဒဏ်ကို ကြံကြံခံပနာ မဟိကေဟိစွာနန့် ပံ့ပိုးကူညီပြီးကေ တသားတည်းရပ်တည်ပီးနီကတ်တေ အာရက္ခမိဖပြည်သူတိနန့် ရောက်တေနီရာက နိုင်ငံရီးတာဝန်ကို ကျီပွန်စွာထမ်းဆောင်ပီးနီကတ်တေ အဝီးရောက် အာရက္ခအမျိုးအနွယ်တိအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုရေပိုင် ဆက်လက်ပြီးကေ စည်းစည်းလုံးလုံးနန့် တိုက်ပွဲဝင်ချီတက်လားကတ်မေလို့လည်း အာရက္ခတပ်တော် တပ်မှူးချုပ် သဝဏ်လွှာမာ ထည့်သွင်းပြောကြားထားပါရေ။
