APM ၊ ဧပြီ ၁၀ / ၂၀၂၄
အာဏာသျှင်စနစ်နန့် လူမျိုးကြီးဝါဒ ကျဆုံးရီး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နန့် တန်းတူညီမျှရီးကို အပြည့်အဝ အာမခံနိုင်ရေ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရီးအတွက် အာရက္ခတပ်တော် (AA)အပါအဝင် တော်လှန်ရီးအဖွဲ့အစည်းအားလုံးနန့် ဟန်ချက်ညီ လက်တွဲပြီးကေ အဆုံးထိ တိုက်ပွဲဝင်လားဖို့လို့ ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော် (BPLA)က ပြောဆိုလိုက်ပါရေ။
ဒေနိ(ဧပြီ ၁၀ရက်နိ)မာ ကျရောက်တေ အာရက္ခတပ်တော်နိအခမ်းအနားသို့ ပီးပို့ရေ BPLA ၏ ဂုဏ်ပြုသဝဏ်လွှာမာ ယင်းပိုင် ဖော်ပြထားစွာဖြစ်ပါရေ။
အာရက္ခတပ်တော်စွာ မဟာမိတ်အဖွဲ့တိနန့်တတူ BPLA အား စစ်ပညာသင်ကြားပီးခြင်း ၊ လိုအပ်တေအကြံအဉာဏ်တိနန့် အကူအညီတိ ပီးအပ်နီခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း ဖော်ပြထားပါရေ။
ဒေနိထိဆိုကေ အာရက္ခတပ်တော်က မြို့ကြီး (၉)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးကေ အခြားမြို့တိကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုခိုက်လျက်ဟိကြောင်း၊ ယင်းပိုင်ကြီးမားရေ အောင်မြင်မှုကို ရဟိပနာ အာရက္ခပြည်သူရို့၏ အာရက္ခအိမ်မက်ကို ရှင်သန်ဖြစ်ထွန်းစီနိုင်ခြင်းအတွက် BPLA အနီနန့် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း သဝဏ်လွှာမာ ဖော်ပြထားပါရေ။