APM ၊ ဧပြီ ၁၀ / ၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဧပြီ ၉ ရက်နိ၊ မိုးထက ရပ်ကျေးအုပ်ချုပ်ရီးမှူး တယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားခရေလို့ သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိဖမ်းလားရေလူကတော့ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာ အုပ်ချုပ်ရီးမှူး ဦးမောင်အေးကြည် ( ၄၅ နှစ်) ဖြစ်ပါရေ။
ဧပြီ ၉ ရက်နိ၊ မိုးထ ၁၀ နာရီကျော်လောက်က ဂုံးချွိန်ရွာ၊ အထက်တန်း ကျောင်းမာ အခြီပြုစခန်းချထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်စွာ ဦးမောင်အေးကြည်ကို စစ်ဆီးမိန်းမြန်းစရာဟိရေဆိုပနာ ကျောင်းထဲသို့ခေါ်ယူလားခရေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
နိခင်း ၁ နာရီခွဲလောက်မာတော့ ယင်းကျောင်းမာအခြီပြုစခန်းချထားရေ စစ်ကောင်စီတပ်ဖွဲ့တိထဲက ၅ ယောက်စွာ ဦးမောင်အေးကြည်ကို အိမ်စီးကားတစီးမာ တင်ပြီးကေ ကျောက်ဖြူမြို့ထဲသို့ခေါ်ယူလားရေ လို့ ဆိုပါရေ။
လက်ဟိအချိန်မာ အကြမ်းဖက်စစ်ကောင်စီက ဦးမောင်အေးကြည်ကို ဇာကြောင့်ဖမ်းရေ၊ ဇာနီရာမာ ချုပ်နှောင်ထားမှန်း လုံးဝ မသိရကြောင်း မိသားစုနန့် နီစပ်သူတယောက်က ပြောပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် အကြမ်းဖက် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလတလျှောက် အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြ မတရားဖမ်းဆီး၊ ရိုက်နှက်၊သတ်ဖြတ်လို့ ဟိနီပါရေ။
လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး ( HDCO) က ကောက်ယူထားရေစာရင်းအရ တကျော့ပြန်တိုက်ပွဲစတင်ခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၂ ရက်နိအထိ ရက္ခိုင်ပြည်က မြို့နယ် အသီးသီးမာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံထားရရေ အပြစ်မဲ့ အာရက္ခပြည်သူပေါင်း ၄၇၁ ယောက်အထိဟိရေလို့ သိဟိရပါရေ။