APM ၊ ဧပြီ ၁၀ / ၂၀၂၄
အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ဖို့ စစ်တွေ၊ကျောက်ဖြူရို့က ပြည်သူတိ လွတ်မြောက်နယ်မြီတိသို့ လာရောက်နီထိုင်ကတ်ဖို့ အာရက္ခတပ်တော် တပ်မှူးချုပ်က ဧပြီ ၁၀ ရက်နိမာ အကြံပြုတိုက်တွန်းလိုက်ပါရေ။
ဒေနိ ဧပြီ ၁၀ ရက်နိမာ ကျရောက်တေ (၁၅) နှစ်မြောက် အာရက္ခတပ်တော်နိအခမ်းအနားသို့ ပီးပို့ရေ အာရက္ခတပ်တော် တပ်မှူးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာထဲမာ စစ်တွေ၊ ကျောက်ဖြူမြို့တိအတွင်း ပိတ်မိနီရေပြည်သူတိကို ယင်းပိုင် ထည့်သွင်းအကြံပြုထားစွာ ဖြစ်ပါရေ။။
တပ်တော်၏ တပ်မှူးချုပ်က “စစ်တွေ၊ ကျောက်ဖြူရို့ပိုင် ရန်သူထိန်းချုပ်နယ်မြီမာ ပိတ်မိနီရေ ပြည်သူတိအနီနန့် အဆင်ပြေကေ ပြေပိုင် နည်းလမ်းအမျိုးမျိုးနန့် မကြာခင် အချိန်တခုအတွင်း လွတ်မြောက်နယ်မြီတိမာ လာရောက်နီထိုင်ကတ်ဖို့ အကြုံပြုလိုပါရေ။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတိကို ပြင်ဆင်ရပါဖို့ လို့ ဆိုပါရေ။
အိုးအိမ်တိကိုစွန့်ခွာပနာ စစ်ဖီးယှောင်လာကတ်တေ ပြည်သူရို့၏ လုံခြုံရီး ၊ စားဝတ်နီရီး နန့် ကျန်းမာရီးဆိုင်ရာ လိုအပ်ချက်တိ၊ အမျိုးသမီးတိ နန့် အချေသူငယ်ရို့၏ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရီးတိကို ကူညီနိုင်ဖို့အတွက် ဒေသအလိုက်ဖွဲ့စည်းပြီးကေ တာဝန်ပီးထားရေလို့လည်း တပ်မှူးချုပ်က ဆိုပါရေ။
အလားတူ ဒေသတွင်းမာဟိနီကတ်တေ လူငယ်အင်အား စုတိ ၊ NGO အဖွဲ့ အစည်းတိ ၊ CBOs/CSOs အဖွဲ့တိ၊ စေတနာသျှင်တိနန့် အားလုံးလက်တွဲပြီးကေ တယောက်ကိုတယောက် အပြန်အလှန် ချစ်ခင်လေးစားစွာနန့် ပူးပေါင်းဆောက်ရွက်ကတ်ဖို့ကိုလည်း တပ်မှူးချုပ်က လမ်းညွှန်မှာကြားထားပါရေ။
ယင်းအပြင် “အာရက္ခစစ်သည်ရို့၏ အသက်ခန္ဓာ ပြည်သူရို့၏အသက်၊ ဘဝ၊ မျက်ရည်၊ဒုက္ခသုက္ခတိ အားလုံးကို အရင်းပြုပနာရဟိလာရေ ဂနိအာရက္ခဖြစ်တည်မှုသည် ဇာအရာနန်လေ့ တန်ဖိုးချင်းထပ်တူမပြုနိုင်ရေ အရာတိဖြစ်တေ။ အရက္ခအမျိုးသားတော်လှန်ရီးကမပြီးမြောက်သိမ့်ရေအတွက် လက်ဟိရဟိထားရေ ယုံကြည်မှုခွန်အား အယှိန်အဟုန် ဆက်လက်မြှင့်တင်ပနာ ငါရို့ရည်မှန်းချက်အတိုင်း အပြင်းထန်ဆုံးနန် အယင်မြန်ဆုံး ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်လားဖို့ဖြစ်တေ” လို့လည်း အာရက္ခတပ်တော်၏ တပ်မှူးချုပ်က ထည့်သွင်း ပြောဆိုလားပါရေ။
၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နိက ရက္ခိုင်မျိုးချစ်လူငယ် ၂၆ ယောက်စွာ ကချင်ပြည်၊ လိုင်ဇာမာ “ရက္ခိုင့်တပ်မတော်” နာမည်နန့် အာရက္ခတပ်တော်ကို စတင်တည်ထောင်ခပြီး၊ ၂၀၁၉ ခုနှစ်၊ဧပြီ ၁၀ ရက်နိမာ “ရက္ခိုင့်တပ်တော်” နာမည် ပြောင်းလဲခပြီးကေ၊ အဂု ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နိမာ တော့ “အာရက္ခတပ်တော်”နာမည်သို့ပြောင်းလဲထားစွာကိုတပ်တော်၏ ပြန်ကြားရီးစာမျက်နှာ AA Info Desk မာဖော်ပြထားပါရေ။