
APM ၊ ဧပြီ ၁၀ / ၂၀၂၄
တနိုင်လုံးအတိုင်းအတာတော်လှန်ရီးပန်းတိုင်အပြင်သက်ဆိုင်ရာ လူမျိုးနန့်ဒေသ၏ အန္တိမပန်းတိုင်သို့အာရက္ခတပ်တော်နန့်တတူ တက်လှမ်းလားဖို့လို့ ညီနောင်မဟာမိတ် တအာင်း(PSLF/TNLA)နန့်ကိုးကန့် (MNTJP/MNDAA) ရို့က ထုတ်ဖော် ပြောဆိုလိုက်ပါရေ။
ဒေနိ(ဧပြီ ၁၀ရက်နိ)မာ ကျရောက်တေ အာရက္ခတပ်တော်နိအခမ်းအနားသို့ ပီးပို့ရေ ဂုဏ်ပြုသဝဏ်လွှာမာ ညီနောင် နှစ်ဖွဲ့က ယင်းပိုင် ဖော်ပြထားစွာဖြစ်ပါရေ။
ဧပြီ ၁၀ ရက်နိစွာ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တဖွဲ့ဖြစ်တေ အာရက္ခတပ်တော်(AA)ပေါ်ထွန်းလာရေ နိထူးနိရက်ဖြစ်ပြီး၊(၁၅)နှစ်ပြည့် သလင်းရတု တပ်တော်နိစွာ အာရက္ခတပ်တော်နန့်ရက္ခိုင်လူမျိုးရို့အတွက် အောင်မြင်မှုတိလက်ဝယ်ရောက်ဟိရေ နိထူးနိမြတ် တရက်လည်းဖြစ်ကြောင်း၊ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရီး” အောင် မြင်မှုတိနန့်တတူ အာရက္ခတပ်တော်က အာရက္ခဒေသတခုလုံးနီးပါးကို အာရက္ခပြည်သူလူထုလက်သို့ ပြန်လည်အပ်နှံပြီး သက်ဆိုင်ရာ လူမျိုးနန့်ဒေသကို ဆက်လက်တည်ဆောက်ရဖို့ကာလသို့ တဆင့်တက်လှမ်းနိုင်ခပြီးဖြစ်ကြောင်းလည်း သဝဏ်လွှာမာ ဖော်ပြပါရေ။
ယင်းအပြင် ULA/AA နန့်တအာင်း၊ကိုးကန့်ရို့စွာ တော်လှန်ရီးကာလတလျှောက်မဟာမိတ်အချင်းချင်းကြား အပြန် အလှန်အသိအမှတ်ပြုလက်ချင်းချိတ်ပနာ တော်လှန်ရီးခရီးကြမ်းကို တက်လှမ်းခကတ်တေ ညီနောင်တိဖြစ်တေလို့ လည်း ( ၁၅) နှစ်ပြည့် အာရက္ခတပ်တော်နိသို့ ပီးပို့ရေ ညီနောင်နှစ်ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာမာ ရွီးသား ဖော်ပြထားပါရေ။
