APM ၊ ဧပြီ ၁၀ / ၂၀၂၃
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်နိတွင်ကျရောက်သည့်(၁၄)နှစ် မြောက်ရက္ခိုင့်တပ်တော်နိအခမ်းအနားများကိုမလေသျှား ၊ဂျပန်၊ ထိုင်းစသည့်ပြည်ပနိုင်ငံများ၌ပြည်ပရောက်အာရက္ခပြည်သူများကစည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပခကတ်သည်။
အဆိုပါ တပ်တော်နိအခမ်းအနားများသို့ ULA/AA ထိပ်ပိုင်းဂေါင်းဆောင်များ အွန်လိုင်းမှတဆင့် တက်ရောက်၍ အမှာ စကားများ ပြောကြားခကတ်သည်။
မလေးသျှားနိုင်ငံ၊ကွာလာလမ်ပူမြို့၌(၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နိအခမ်းအနားကို “ရက္ခိတရို့ ခေတ်သစ် မိုင်တိုင် အမှတ်(၁၄)” နာမည်နန့် ဧပြီ ၉ ရက်နိ၊နိခင်း ၁၁ နာရီ၊ မိနစ် ၃၀ တွင် စတင်ကျင်းပခသည်။
အဆိုပါအခမ်းအနားသို့ ပြည်ပရောက် အာရက္ခပြည်သားရက္ခိုင်လူမျိုးများ၊ မျိုးနွယ်စုများ စုစုပေါင်း တထောင်နီးပါး တက်ရောက်ခပြီး အခမ်းအနား၌ ULA/AA ထိပ်တန်းဂေါင်းဆောင်များမှ အမှာစကားများပြောကြားခြင်း၊ ရက္ခိုင် အဆိုတော် များမှ ရက္ခိုင့်ဂီတဖြင့်တင်ဆက်ခြင်း၊ ရက္ခိုင်ယဉ်ကျေးမှုယိမ်းများဖြင့်ဖျော်ဖြေခြင်း၊ မျိုးနွယ်စုဝင် ခမီတိုင်းရင်းသူများက ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်ခကတ်သည်။
ယင်းနည်းတူ ဂျပန်နိုင်ငံ၊တိုကျိုမြို့၌လေ့ (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နိအခမ်းအနားကို ရက္ခိုင်အစည်းအရုံး ( ဂျပန်)မှ ဦးဆောင်ကာ ဧပြီ ၉ ရက်နိ၊ နိခင်း ၁ နာရီမှာ စတင်ကျင်းပခသည်။
ယင်းတပ်တော်နိအခမ်းအနားသို့ ဂျပန်လူမျိုးများအပါအဝင် ဂျပန်ရောက် အာရက္ခပြည်သူ ၂၀၀ ကျော်ရို့တက် ရောက်ခပြီး ULA/AA ထိပ်ပိုင်းဂေါင်းဆောင်များက အမှာစကားများပြောကြားခကတ်သည်။
အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နိအခမ်းအနားကို ကျင်းပခပြီး၊ အခမ်းအနားတွင် ULA/AA ဂေါင်းဆောင်တဦးက မိန့်ခွန်းပြောကြားခသည်။
ရက္ခိုင့်တပ်တော်(AA)ကို လွန်ခသည့် ၂၀၀၉ ခုနှစ်၊ဧပြီလ ၁၀ ရက်နိက ကချင်ပြည်၊လိုင်ဇာမြို့ ၌ စတင်ဖွဲ့စည်းခပြီးယင်း ဧပြီ ၁၀ ရက်နိကို “ရက္ခိုင့်တပ်တော်နိ”အဖြစ် သတ်မှတ်ကာ ယင်းနိသို့ရောက်တိုင်း ပြည်တွင်းပြည်ပ အာရက္ခပြည်သူများက “ရက္ခိုင့်တပ်တော်နိ” ကို နည်းမျိုးစုံဖြင့် ကျင်းပလျက်ဟိသည်။
Photo – ABN