(ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနန့်အတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန် နီသည့်အပြင် တော်လှန်ရီးအင်အားစုများကိုလေ့ လက်တွဲကူညီ ပံ့ပိုးပီးလျက်ဟိ ဟုဆို)
APM ၊ ဧပြီ ၁၀ / ၂၀၂၃
ဒေနိ(ဧပြီ ၁၀ ရက်နိ)တွင်ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နိသို့ အမျိုးသားညီညွတ်ရီးအစိုးရ NUG ကာကွယ်ရီးဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာပီးပို့လိုက်ပြီး ယင်းသဝဏ်လွှာ၌ နွီဦးတော်လှန်ရီး ပြည်သူ့ခုခံတွန်းလှန် စစ်ဆင်နွှဲရာတွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနန့်တကွအတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နီသည့်အပြင် တော်လှန်ရီးအင်အားစုများကိုလေ့ လက်တွဲကူညီ ပံ့ပိုးပီးလျက်ဟိကြောင်း ဖော်ပြထားသည်။
NUG ကာကွယ်ရီးဝန်ကြီးဌာန၏ သဝဏ်လွှာတွင် “ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အပြည့်အဝရဟိရီးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန် တိုက်ပွဲဝင်လာခသည်မှာ ဒေနိတွင် ၁၄ နှစ် တိုင်တိုင် ပြည့်မြောက်ခပြီး ရက္ခိုင်ပြည်သူလူထုနန့် ထပ်တူ ထပ်မျှ ဝမ်းမြောက် ဂုဏ်ယူပါသည်” ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်၏ ၁၄ နှစ်တာ တော်လှန်ရီး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ် ပီးလှူခကတ်သော ရက္ခိုင့်အာဇာနည်သူရဲ ကောင်းများနန့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလေ့ လေးနက်စွာ အောက်မိ ဦးညွှတ်ပါကြောင်း သဝဏ်လွှာတွင်ဖော်ပြထားပြီး တိုင်းပြည်တဝှမ်း လှည်းနီလှီအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက် ဟိသည့် နွီဦးတော်လှန်ရီး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွဲရာတွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနန့်အတူ ရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နီသည့်အပြင် တော်လှန်ရီးအင်အားစုများကိုလေ့ လက်တွဲကူညီ ပံ့ပိုးပီးလျက်ဟိသည်ဟု ဆိုသည်။
ယင်းအပြင်လက်ဟိတွင် ဘုံရန်သူစစ်ကောင်စီအား အပြီး သတ်ချေမှုန်းနိုင်ရန် အားလုံးအတူတကွစုစည်းညီညွတ် စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကတ်ရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနီနန့် ရက္ခိုင်ပြည်သူလူထု၏ နိုင်ငံရီး၊ အမျိုးသားရီး မျှော်မှန်းချက်များကို တပါတည်း အပြည့် အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစီကြောင်းလေ့ NUG ကာကွယ်ရီး ဝန်ကြီးဌာနမှ ပီးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြထားသည်။
NUG ကာကွယ်ရီးဝန်ကြီးဌာနအပါအဝင် တခြားတိုင်းရင်း သားတော်လှန်ရီးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရီး တပ်များ နန့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများစွာကလေ့(၁၄) နှစ်မြောက် ရက္ခိုင့်တက်တော်နိအခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပီးပို့ခကတ်ကြောင်း သိဟိရပါသည်။