
APM ၊ ဧပြီ ၁၀ /၂၀၂၃
ဒေနိ(ဧပြီ ၁၀ ရက်နိ)တွင်ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နိသို့ ညီနောင်မဟာမိတ်များဖြစ် ကတ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော်(PSLF)/TNLA)နန့်မြန်မာနိုင်ငံ အမှန်တရားနန့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)ရို့ကဂုဏ်ပြုသဝဏ်လွှာ ပီးပို့ကြောင်း သိရသည်။
ယင်းသဝဏ်လွှာ၌ “ညီနောင်မဟာမိတ်များဖြစ်ကတ်သောရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/ရက္ခိုင့်တပ်တော်(AA)၊ ပလောင် ပြည်နယ်လွတ်မြောက်ရီးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော်(TNLA)နှင့်မြန်မာနိုင်ငံအမှန်တရားနန့်တရားမျှတသောအမျိုးသားပါတီ(MNTJP)/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ရို့သည် မြန်မာဖက်၏ ဖိနှိပ်မှုကင်းဝီးသော “ဝ”ပြည်နယ်တွင် အခြီစိုက်၍ တည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံရီးဆွေးနွေး ညှိနှိုင်းရီးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များ ဖြစ်ကတ်ပါသည်” ဟုဖော်ပြထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် FPNCC ၏ အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကတ်သည်နန့်အညီ FPNCC မှထုတ်ပြန် ထားသော “နိုင်ငံရီးဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရီးအဖွဲ့အစည်း များ၏ အထွေထွေ မူဝါဒနန့် ရပ်တည် ချက်များ” အတိုင်း ခိုင်မာစွာရပ်တည်ကာ ၎င်းရို့၏ သက်ဆိုင်ရာလူမျိုးနန့်နယ်မြီ အားကိုယ်စားပြု၍ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နီကတ်သည့် အဖွဲ့အစည်းများဖြစ်ကြောင်းနန့် မြန်မာစစ်တပ်မှ အာဏာမသိမ်းပိုက်မီ မြန်မာပြည်တွင် မြန်မာ ပြည်သူ/ပြည်သားရို့၏ အခြီခံအခွင့်အရေးများ အနည်းအကျဉ်းရဟိသည့် အခြေအနေအောက်မှာပင် မြန်မာစစ်တပ်နန့် မြန်မာအစိုးရ၏ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းမှုများကို ခုခံကာကွယ်ခကတ်ရကြောင်းလေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။
“ဒေဂုအခါတွင် မြန်မာ့စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ပြည်မ၊တောင်တန်း မခွဲခြားတော့ဘဲ တနိုင်ငံလုံးဟိ ပြည်သူ လူထုနန့် ရပ်/ရွာများအား မီးလောင်တိုက်သွင်း၍ ဖျက်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းစခန်းတွင်ချ မှတ်ထားခြင်း၊ နိုင်ငံ၏ စီးပွားရီးဖွံ့ဖြိုးမှုနန့် လူမှုဘဝအားလုံး ဖျက်ဆီးခံရကာ မသေချာ မရေရာမှုများ ပြည့်နှက်နီသောအခြအနေတွင် မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရို့သည် အဆိုပါအခြေအနေရို့မှ လွတ်မြောက် နိုင်ရီးအတွက် စစ်ကောင်စီအား တော်လှန်တိုက်ပွဲ ဝင်နီသည့် အဖွဲ့အစည်းများနန့် အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများဝင်ကတ်ရမည်” ဟုလေ့ PSLF/TNLA နန့် MNTJP/MNDAA ရို့က ဆိုသည်။
PSLF/TNLA နှင့် MNTJP/MNDAA ရို့သည် ULA/AA နှင့်အတူတကွ ညီညီညွတ်ညွတ် ရပ်တည်ကာ ဆက်လက်၍ တိုက်ပွဲဝင်လားမည်ဖြစ်ကြောင်း၊ ULA/AAဂေါင်းဆောင်များနန့် ရဲဘော်ရဲမယ်များ၊ ရဲဘော်ရဲဘက်များအားလုံး ကျန်းမာ ပကတိတည်ဟိ၍၊ ရက္ခိုင်သူ/သားရို့မှလေ့ ရက္ခိုင်အမျိုးသားရို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်များ အယင်ဆုံးပိုင်ဆိုင်နိုင်ပါစီကြောင်း (၁၄) နှစ်ပြည့် ရက္ခိုင့်တပ်တော်နိသို့ PSLF/TNLA နန့် MNTJP/MNDAA ရို့ ပီးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားပါသည်။
