(ဧပြီ ၃ ရက်နိ မှ ဧပြီ ၉ ရက်နိ အထိ)
၁။ ၃ – ၄ – ၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင်ပြည်မှာ ဒေနှစ်အတွင်း ဇီးချောင်းရက္ခိုင်သင်္ကြန်ပွဲတော်နန့် လေးမြို့ချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်များကို စည်ကား သိုက်မြိုက်စွာ ကျင်းပလားမည် ဖြစ်ကြောင်း ပွဲကျင်းပရီး ကော်မတီများထံမှ သိရသည်။
(၂) တိုက်ပွဲများရပ်တန့်ထားသည့် ရက္ခိုင်ပြည်တွင် မြန်မာစစ်တပ်မှ ဘုရားရင်ပြင်များ၌ တပ်စွဲထားခြင်းကို ဖယ်ယှားပီးရန် အထူးလိုလားကြောင်း ဒေသခံရက္ခိုင်ပြည်သူလူထုများက တောင်းဆိုသည်။
(၃) ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နန့် မြန်မာစစ်တပ်ရို့ နှစ်ဖက်အပစ်အခတ် ရပ်ထားကေလေ့ လက်ဟိတွင် မြန်မာ စစ်တပ်မှ စစ်အင်အား အင်နန့်အားနန့် တိုးချဲ့လျက်ဟိသည်။
(၃) မြောက်ဦးမြို့ပေါ်ရပ်ကွက်များနန့် စစ်ဖီးယှောင်စခန်းများဟိ အချေများ နိစဉ် နိတိုင်း ပုံမှန်စာဖတ်နိုင်အောင် စာပီဂါရီ ရွိလျားစာကြည့်တိုက်မှ စာအုပ်များကို အိမ်တိုင်ရာရောက် ငှားပီးနီသည်။
၂။ ၄ – ၄ – ၂၀၂၃ (အင်္ဂါ)
(၁) မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာအလွန် ငရုတ်ကောင်းစိ ကောက်ကွေ့တွင် ဧပြီ ၃ ရက်နိ ညည့် ၁၀:၃၀ အချိန်ခန့်တွင် ကားနန့် ဘေးတွဲတိုက်မိပြီး ဘေးတွဲမောင်းသူ သီးဆုံးလားကြောင်း သိရသည်။
(၂) ရက္ခိုင်ပြည်မှာ ဒေနှစ်သင်္ကြန်အကြိုကာလ၌ ငပလီကမ်းခြီသို့ လာရောက် လည်ပတ်လူ ပိုမိုများပြားလျက် ဟိကြောင်း သိရသည်။
(၃) ရက္ခိုင့်တပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ တော်လှန်ရီးထဲက လွတ်မြောက် နယ်မြီများ အကြောင်း ဟောပြောချက်ကို ဧပြီ ၄ ရက်နိည ဇာ ၇ နာရီတွင် မြန်မာသတင်း ဌာနများဖြစ်သည့် DVB TV News ၊ Khit Thit Media ၊ Mizzima၊ Tachileik News Agency၊ သံလွင်ခတ်-Than Lwin Khat ရိုအပါအဝင် သတင်းဌာန ၁၁ ခုမှ တိုက်ရိုက် live ထုတ်လွှင့်လားသည်။
(၄) မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီး(မြို)ရွာ နန့် မောရဝတီရွာကြားတွင် ဧပြီ ၄ ရက်နိ နိခင်းက ကုန်တင် ကားကြီး တစီးနန့် ဆိုင်ကယ်တစီး တိုက်မိရာ ဆိုင်ကယ်မောင်းလာသူ နှစ်ယောက် ပွဲချင်းပြီးသီဆုံး လားခသည်။
(၅) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ နှစ်ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့ ၊ ဗန္ဓုလရပ်ကွက်မှ ဦးကို ကိုညွန့်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့အမှုကို ဧပြီ ၄ ရက်နိတွင် မြောက်ဦးမြို့ တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
(၆) မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ) နီတောင်းချေ (၅၇နှစ်) အမှုကို ဧပြီ ၄ ရက်နိ၌ မင်းပြားမြို့ နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ စစ်ဆီးမှုတစုံတရာ မပြုလုပ်ခဟု သိရသည်။
(၇) Arakan Art Gallery တည်ထောင်သည့် (၁) နှစ်ပြည့် ပန်းချီပြပွဲမှ ပထမဆုံး အကြိမ် ပန်းချီကား များလီလံတင် ရောင်းချပွဲအခမ်းအနားမှ ရဟိသည့် ငွေများကို ရက္ခိုင်တွင် လူမှုကူညီကယ်ဆယ်ရီးလုပ်နီသည့် အဖွဲ့အစည်းများ ထံ လှူဒါန်းလားမည်ဟု သိရသည်။
(၈) ရက္ခိုင်ပြည်ဖွား ကမ္ဘာ့အဆင့်မီ ဂီတပညာသျှင်တဦးဖြစ်သည့် ဆရာကြီး ဦးစောနုသည် ဧပြီ ၄ ရက်နိ ညည့် ၇ နာရီခွဲ ခန့်က အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့ နယ်ဟိ မေဒါဝီဆီးရုံတွင် ဆီးကုသမှုခံ ယူ နီစဉ် ကွယ်လွန်းလားကြောင်း သိရသည်။
၃။ ၅ – ၄ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူက ၁၄ ယောက်အမှုကို ဧပြီ ၅ ရက် နိ၌ ကျောက်ဖြူမြို့နယ်တရားရုံးတွင်ရုံးထုတ်ခကေလေ့ တရားလို ပျက်ကွက်၍ မစစ်ဆီး နိုင်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
(၂) ရက္ခိုင့်တပ်တော် AA အနီနန့် ရက္ခိုင်ပြည်ဟိ မြို့နယ်အသီးသီး၌ လွတ်မြောက် နယ်မြီများကို အယင်ကထက် ပို၍ ရဟိအောင် ရက္ခိတလမ်းစဉ်အတိုင်း ကြိုးပမ်းလုပ်ဆောင်နီကြောင်း ဧပြီ ၄ ရက်နိ ညဇာ ၇ နာရီ၌ Online မှကျင်း ပပြုလုပ်ခသည့် လွတ်မြောက်နယ်မြီများအကြောင်း အမိန်းအဖြေ အစီအစဉ်၌ ရက္ခိုင့်တပ်တော် (AA) ဒု-စစ်ဦးစီး ချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုလိုက်သည်။
(၃) စကစဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက္ခိုင်ပြည်ခရီး စဉ်နန့်ပတ် သက်၍ ကျေးဇူးမတင် မုဒိတာ မပွားနိုင်ဘဲ ပုတ်ခတ်သော သတင်းများ ဖော်ပြ သည်ဟုဆိုကာ ရက္ခိုင်ပြည်အခြီစိုက် သတင်းမီဒီယာများမှ တာဝန်ဟိသူများကို ဖမ်းဆီးရန် စောင့်ကြည့်နီသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ် သတင်းစာမျက်နှာတွင် ဧပြီ ၂ ရက်နိက ခြိမ်းခြောက်ရွီးသားထားသည်။
(၄) မြန်မာပြည်ဆူပူအောင်လှုဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မြို့၊ ပြည်တော် သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်း မောင်နန့် ပန်းဖဲချောင်း ရွာမှ ကိုဇော်မိုးထက်ရို့အမှုကို ဧပြီ ၅ ရက်နိတွင် ကျောက်တော်မြို့နယ် တရားရုံး ၌ ရုံးထုတ်ခကေလေ့ မစစ်ခဘဲ လာမည့် ဧပြီ ၁၉ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၅) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် မင်းပြားမြို့ နယ်က အပျော်တန်း ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏား ကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူ ရွာသစ် က ကိုမောင်ချေ (ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်းရို့အမှုကို ဧပြီ ၅ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး ခံပြသက်သီတယောက်ကို စစ်ဆီးခသည်။
(၆) အယှုံးပေါ်သည်ဟုဆိုကာ နှစ်နန့်ချီ ရပ်နားထားခသည့် ဂျပန်နိုင်ငံမှ လှူဒါန်း ထားသော ကစ္ဆပနဒီအမြန်ရီယာဉ် (၁) ၏ စစ်တွေ-တောင်ကုတ် ခရီစဉ်ကို ဧပြီ ၇ ရက်နိမှစ၍ တပတ် ၂ ရက်ကျ ပြန်လည် ဗြီးဆွဲမည်ဟု သိရသည်။
၄။ ၆ – ၄ – ၂၀၂၃ (ကြာသပတီး)
(၁) မြန်မာစစ်တပ် ဖမ်းဆီးပြီးနောက် စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) စသည့် ပုဒ်မနှစ်ခုနန့်တရားစွဲ ခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်)အမှုကို ဧပြီ ၅ ရက်နိတွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားလို ထပ်မံပျက်ကွက်၍ မစစ်ဆီးနိုင်ခဟု သိဟိရသည်။
(၂) ရသေ့တောင်မြို့နယ် စေတီပြင်တောင်ကျော်လမ်းတွင် ဧပြီ ၆ ရက်နိ မိုးထက တုတ်တုတ်ချေတစီး တိမ်း မှောက်ခပြီး စစ်တွေမြို၊ ရွာကြီးတောင်ရပ်ကွက်မှ ဦးထွန်လှဖြူ (၅၈)နှစ်၊ ဒေါ်သန်းသန်းဝေ(၅၃)နှစ်၊ မနွယ်နွယ် (၂၈နှစ်)၊ မနွယ်နွယ်ဝင်း(၁၉)နှစ်၊ မမအေးသန်း(၁၇)နှစ်နန့် မအေးမြတ်မွန်(၁၆နှစ်)ရို့ဒဏ်ရာရလားကြောင်း သိရ သည်။
(၃) သင်္ကြန်ကာလအတွင်း ရက္ခိုင်ပြည်တွင်း၊ ပြည်ပ ကုန်းကြောင်း ရီကြောင်း ဗြီးဆွဲနီသည့် ယာဉ်လိုင်းများ အားလုံးကို တပတ်ခန့် ယာယီရပ်နားလားမည်ဟု သိရသည်။
(၄) ရက္ခိုင့်တပ်တော်AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နန့်တရားစွဲခံ ထားရ သည့် မောင်တောမြို့နယ်၊ခမောင်းဆိပ်ရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့် ရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရိုအမှုကို ဧပြီ ၆ ရက်နိတွင် မောင်တောမြို့နယ်တရားရုံး၌ ရုံးထုတ် ခကေလေ့ လိုပြ သက်သီမရောက်၍ ရုံးချိန်းထပ်ရွှိ လိုက်ရပြန်ကြောင်း သိရသည်။
(၅) ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်တန့်ထား ကေ လေ့ လက်ဟိ အချိန်အထိ ရက္ခိုင်ပြည်တွင်းသို့ ဆီးဝါး များ တင်သွင်းခွင့်ကို စစ်ကောင်စီက ဆက်လက်ကန်သတ် ထားဆဲဖြစ်သည်။
၅။ ၇ – ၄ – ၂၀၂၃ (သောကြာ)
(၁) ရက္ခိုင်မျိုးနွယ်စုဝင်ဖြစ်သည့် ဒိုင်းနက် (ခေါ်)သက္ကမလူမျိုးများ၏ (၁၂) ကြိမ်မြောက် ရိုးရာပန်းမျှောပွဲကို ပုဏ္ဏား ကျွန်းမြို့နယ် သျှင်တော်ရွာ တွင်ဧပြီ ၁၂ ရက်မှ ၁၃ ရက်နိအထိ ၂ ရက်တိုင်တိုင်ကျင်းပလားမည်ဖြစ်သည်။
(၃) ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာတချို့တွင် လက်ဟိ၌ နာမည်မသိ ရောဂါတခုကြောင့် ဝက်များသီဆုံးမှု ပိုများ လာ နီသည်။
(၄) ရက္ခိုင့်တပ်တော်AAနန့်ဆက်သွယ်သည်ဟုစွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရား စွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ် ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့အမှုကို ဧပြီ ၇ ရက်နိတွင်ဘူးသီးတောင်မြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်ဟုဆိုကာ ရုံးချိန်းထပ်ရွှိလိုက် ရပြန်သည်။
(၅) မင်းပြားမြို့တွင် ယဉ်ကျေးမှုအစဉ်လာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နီ ကျဖြစ်သည့် ကျိန်းတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲ ၊ မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲ နန့် ဘုရားရီသပ်ပါယ်ပွဲကို ဒေနှစ်တွင်လေ့ အစဉ်အလာမပျက် ဆက်လက် ကျင်းပပြုလုပ်လားမည် ဖြစ်သည်။
၆။ ၈ – ၄ – ၂၀၂၃ (စနီ)
(၁) ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဖီးယှောင် စခန်းတွင် အဆောင်များ ပြိုကျပျက်စီး၍ မိုးရာသီအမှီ အဆောင် များ ပြန်ပြုပျင်ရန် အရေးကြီး လိုအပ်နီသည်။
(၂) ရက္ခိုင်ရှေးဟောင်းအမွီနှစ်ဖြစ်သည့် မြောက်ဦးမြို့မှာ သောက်သုံးရီ အလွန် ခက်ခဲ နီ၍ ရပ်ကွက်ဟိလူများစုရုံးပြီး ရှေးဟောင်းရီတွင်းများကို ပြန်လည် တူးဖော် သောက်သုံးနီရကြောင်း မြောက်ဦးမြို့ခံများက ဆိုသည်။
(၃) အယှုံးပေါ်သည်ဟုဆိုကာ ၁ နှစ်နီးပါးကြာ ရပ်နားထားသည့် ကစ္ဆပနဒီ(၁) အမြန်ရီယာဉ်၏ စစ်တွေ-တောင် ကုတ် ခရီစဉ်ကို ဧပြီ ၇ ရက်နိကစ၍ ပုံမှန် ပြန်လည်ဗြီးဆွဲနီသည်။
(၄) ရက္ခိုင်ရိုးမတောင်တန်းဟိ တောင်ကုတ် နီပူတောင်မှ မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်ရီးစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီမှ ဒေဂု ရက်ပိုင်းအတွင်းပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်လာနီကြောင်း ဒေသခံ များက ပြောသည်။
၇။ ၉ – ၄ – ၂၀၂၃ (တလင်းဂနီ)
(၁) ကျောက်တော်မြို့နယ်တွင် ကန်ဇောက်တောင်အဆင်း၌ ဧပြီ ၉ ရက်နိ မိုးထ ၉ နာရီခန့်က ကျောက်တော်မှ ခရီးသည်များတင်လျက် ပုဏ္ဏားကျွန်းဖက်သို့ထွက်ခွာလာသည့် တုတ်တုတ်ချေတစီးသည် ကန်စောက်တောင် အောက် အဆင်းလမ်း၌ အဟိန်မထိန်းနိုင်ဘဲ ညာဖက် အခြမ်းသို့တိမ်း မှောက်လားရာ ယင်းတုတ်တုတ်ချေ၌ စီးနင်း လိုက်ပါလာသည့် ခရီးသည် အမျိုးသမီး ၅ ယောက်ဒဏ်ရာရလားသည်။
(၂) စစ်ကောင်စီက ဖြုတ်ချခိုင်းမှုများကြောင့် ရွီးကောက်ပွဲကော်မသျှင် (UEC) ထံမှတ်ပုံမတင်သည့် ရက္ခိုင်အခြီစိုက် နိုင်ငံရီးပါတီများ၏ ပါတီဆိုင်းဘုတ်များကို ကုန်ခသည့်ရက်ပိုင်းက ဖြုတ်ချလိုက်ရသည်။
(၃) ရသေ့တောင်မြို့၌ ဒေဂုနှစ် ရက္ခိုင်ရိုးရာသင်္ကြန်ပွဲကို Rathedaung Youths Association မှကြီးမှူး၍ ပထမဆုံး အကြိမ် စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပလားမည်ဟု ပွဲကျင်းပရီးကော်မတီထံမှ သိရသည်။