
APM ၊ ဧပြီ ၁၀ / ၂၀၂၃
မင်းပြားမြို့နယ် ၊ အထက်ငှက်ပျောချောင်းကျေးရွာတွင် သုခကာရီ လူငယ်အသင်းမှ ဦးဆောင်ကာ ပထမအကြိမ် မြောက် ရက္ခိုင်ရိုးရာ နံသာသွီးပြိုင်ပွဲကို ဧပြီ ၁၂ရက်နိတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲကို အထက်ငှက်ပျောချောင်းကျေးရွာ သာသနာ့ဓမ္မရောင်ခြည်ကျောင်းတိုက်၊ ဓမ္မာရုံအတွင်း၌ နိခင်းဖက် ၁၂ ချက် တီးအချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများမှာ တဖွဲ့လျှင် ၅ယောက်စီ ပါဝင်ရမည်ဟု ဆိုသည်။
ပြိုင်ပွဲဝင်အချိန်ကို ၁၅ မိနစ်သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲစတင်ရန် ပလီမှုတ်မှ နံသာသွီးခြင်းကို စတင်ရမည်၊ ပြိုင်ပွဲသိမ်းပလီမှုတ်လျှင် နံသာသွီးခြင်းကို ချက်ချင်းရပ်တန့်ရမည် ၊ ပြိုင်ပွဲအတွင်းသို့ လက်အုပ်ချီကာ စီတန်းဝင်လာပြီး လက်အုပ်ချီကာ စီတန်း၍ ပြန်ထွက်ခွာရမည်ဖြစ်ပြီး အဖွဲ့အချင်းချင်း ရမှတ်တူနီလျှင် မဲစနစ်ဖြင့် ရွီးချယ်မည်ဖြစ်သည်။
တစုံတရာ အငြင်းပွားခလျှင် နံသာသွီးပြိုင်ပွဲကျင်းပရီးကော်မတီ၏ ဆုံးဖြတ်ချက်ကိုရာ အတည်ပြုမည်ဖြစ်ပြီး ရက္ခိုင် ရိုးရာကို တန်ဖိုးထားမြတ်နိုးသည့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များကို ဝတ်စားဆင်ယင်ခြင်း၊ စကားချိုသာယဉ်ကျေးခြင်း၊ သန့်ယှင်းသပ်ရပ်ခြင်း၊ စည်းကမ်းလိုက်နာခြင်း ၊ အဖွဲ့ လိုက်တက်ကြွစုစည်းခြင်း နန့် နံသာရည် အရည်အသွီးကောင်းခြင်း စသည့် အဖွဲ့လိုက် အရည်အချင်းများကို ကြည့်ပြီး အကဲဖြတ်အမှတ်ပီးလားမည်ဟု ဆိုသည်။
ပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုငွေများမှာ ပထမဆုရဟိသည့်အဖွဲ့ကို ၁ သိန်းကျပ်၊ ဒုတိယဆုကို ၇ သောင်းကျပ်၊ တတိယ ဆုကို ၅သောင်းကျပ်နန့် နှစ်သိမ့်ဆုများစွာပါဝင်သည်။
ရက္ခိုင်ပြည်အနှံ့ဟိ မြို့ပြကျေးလက်မကျန် သင်္ကြတန်ကာလရောက်တိုင်းရက္ခိုင်ရိုးရာ အစဉ်အလာအရ နှစ်စဉ် နှစ်တိုင်း နံသာသွီးပြိုင်ပွဲကိုကျင်းပလိဟိကြောင်း သိဟိရပါသည်။
Photo – Narinjara
