
APM ၊ ဧပြီ ၁၀ / ၂၀၂၃
ပြင်သစ်နိုင်ငံ အဲ့လ်ပ်စ် တောင်တန်းဟိ မောင့်ဘလွန့်တောင်၏ အနောက်တောင်ပိုင်းတွင် ဧပြီ၉ ရက်နိက နှင်းထု ပြိုကျမှုကြောင်း လူ ၄ယောက် သီဆုံးပြီး ၉ ယောက် ဒဏ်ရာရဟိခကြောင့် ပြည်ထဲရီးဝန်ကြီး ဂျေရတ်က ၎င်း၏ Twitterတွင် ရွီးသားထားသည်။
နှင်းထုပြိုကျမှုကြောင့် သီဆုံးသူ နန့် ဒဏ်ရာရသူများမှာ နှင်းလျှောစီး အပန်းဖြေ နီသူများဖြစ်ကတ်ပြီး သီဆုံးဒဏ်ရာ ရသူများ ဇာသူဇာဝါဆိုသည်ကို ဖော်ထုတ်အတည်ပြုနီဆဲဟု ဒေသန္တရ အာဏာပိုင်များ၏ ပြောခွင့်ရ အီမန်နျူယယ် ကိုကွန်က ပြောဆိုထားသည်။
ယင်းအပြင် ပေ ၃၅၀၀ အမြင့်ကနီ နှင်းထုပြိုကျ၍ မိုင်ဝက်အရှည်နန့် ကိုက် ၅၅၀ အကျယ်ဟိသည့် ဒေသတခုလုံး ဖုံးလားခ ကြောင်းနန့် ပြိုကျရသည် အကြောင်းရင်းကိုလေ့ စုံစမ်းစစ်ဆေးနီသည်ဟု ၎င်းကဆိုသည်။
ပြီးခသည် ၂၀၁၄ ခုနှစ်ကလေ့ ၎င်းတောင်တွင် အတွိအကြုံဟိသည့် တောင်တက်ညီကို ၂ ယောက်သည် နှင်းတောင်ပြိုကျ မှုကြောင့် သီဆုံးခရသည်ဟု သိရသည်။
Source – 4 killed, 9 injured in massive avalanche
Photo – WION
