APM ၊ ဧပြီ ၁၀ / ၂၀၂၃
တော်လှန်ရီးကာလ၌ တော်လှန်ရီးလောကဓံကို ရင်ဆိုင် ဖြတ်ကျော်နိုင်ရမည်ဖြစ်ပြီး၊ သွေဖည်လျှင် ကျွန်ဖြစ်မည်ဟု (၁၄)နှစ်မြောက်ရက္ခိုင့်တပ်တော်နိ အခမ်းအနား မိန့် ခွန်း၌ AA တပ်ချုပ်ကြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်း ပြောကြားလိုက်သည်။
“တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံကို ရင်ဆိုင် ဖြတ်ကျော်နိုင်ရဖို့။ သွေဖည်ကေ ကျွန်ဖြစ်ဖို့။ သတ္တိဟိ ပြီးကေ လက်တွိဆန်ရေမျိုးချစ်တိအတွက် ဒေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အား နန့် ဆုတံဆိပ်တိ ဖြစ် တေ”ဟု ဗိုလ်ချုပ်က ပြောကြားသည်။
ယင်းအပြင် “တော်လှန်ရီးကာလ ဖြတ်သန်းထိုးဖောက်မှု တိုက်ပွဲများ၌ တိုင်းပြည်နန့် လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်များ ကို ပီးဆပ်လားခကတ်သည့် ရဲဘော် ရဲဘက်များ နန့် ဆက်လက်၍ ဒုက္ခသုက္ခများကြားက ဘဝများကိုရင်းပြီး ယုံကြည်ချက် အပြည့်နန့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နီကတ်သည့် ရဲဘော် ရဲမယ် များကိုလေ့ လေးနက်စွာ အလေးဂါရဝပြုကြောင်း” ဗိုလ်ချုပ်က ထည်သွင်းပြောကြားသည်။
အလားတူ “တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားက နာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာ ရပ်တည်နီကတ် ရရေ အာရက္ခပြည်သူတိနန့် တော်လှန်ရီးကို ရောက်တေနီရာက နိုင်ရေတာဝန်တိကို ထမ်းဆောင်ပီးနီကတ်တေ နိုင်ငံတကာနန့် အဝီးရောက် ရက္ခိုင်လုပ်သားပြည်တရပ်လုံး၏ ရပ်တည်ကူညီမှုတိကို အထူးကျေးဇူးဥပကာရ တင်ဟိပါရေ။ ဆက်ပြီး ကေလေ့ ကြံ့ကြံ့ခံရပ်တည်ပီးကတ်ပါ။ စည်းလုံးမှုအပြည့်နန့် ခရီးဆက်ကတ် ပါမေ”ဟု ဗိုလ်ချုပ်က တိုက်တွန်းထားသည်။
ရက္ခိုင့်တပ်တော်(AA)ကို ပြီးခသည့် ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်နိတွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ဟိ KIO ဌာနချုပ် ၌ စတင် ဖွဲ့စည်းခပြီး ဒေနိတွင် ၁၄ နှစ်ပြည့်ခပြီးဖြစ်ကာ ရက္ခိုင်ပြည်တွင်းနီရာအများစုကိုလွှမ်းမိုးထိန်းချုပ်လျက် အုပ်ချုပ်ရီး၊တရား စီရင်ရီး၊ ပညာရီး၊ကျန်းမာရီးနန့် ဒေသ ဖွံ့ဖြိုးရီးပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကိုလေ့ တစိုက်မတ်မတ် ကြိုးစား လုပ် ဆောင်လာနီကြောင်း တွိရသည်။