APM၊ မာ့ချ် ၁၀/၂၀၂၄
မင်းပြားဟိ တိုင်းဗဟို (၉)လိကျင့်ရီးသင်တန်းကျောင်း၏ အုပ်ချုပ်ရီးဌာနမှူးဖြစ်သူ ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူး ကြီး ရဲထွဋ်ဝင်းနန့် အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာရို့ကိုမာ့ချ် ၈ ရက်နိ၊မိုးထပိုင်းမာ အသီဖမ်းဆီးရမိခကြောင်း ရက္ခိုင့်တပ်တော်က မာ့ချ် ၉ ရက်နိ ညည့်မာ ထုတ်ပြန်ပါရေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နိမာ ရက္ခိုင့်တပ်တော်က မင်းပြား၊ တိုင်းဗဟို(၉) တခုလုံးကို အပြီးသတ်သိမ်း ပိုက်လိုက်ပြီးနောက်ပိုင်း တိုင်းဗဟို (၉)မှ ထွက်ဗြီးလားခရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ လမ်းတလျှောက်မာဟိရေ ရပ်ရွာတိက အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးလားခကြောင်း၊ ယင်းဓါးစာခံတိကို ရက္ခိုင့်တပ်တော်က ကယ်တင်နိုင်ခကြောင်း၊ ၎င်းဓားစာခံတိကို ဦးဆောင်ဖမ်းဆီးခေါ်ဆောင်လားခသူ တိုင်းဗဟို (၉) အုပ်ချုပ်ရီးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနန့် အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာရို့ကိုမာ့ချ် ၈ရက်နိ၊မိုးထ ၆နာရီ ၃၀ မိနစ် ခန့်မာ အသီဖမ်းဆီးရမိခကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
ကျောက်တော်၊ တပ်မဌာနချုပ် နန့် မင်းပြား၊ ကမ်းနီရွာနားဟိအမှတ်(၉)တိုင်းဗဟိုလိကျင့်ရီးသင်တန်းကျောင်း အပါ အဝင် အခြားနီရာတိကထွက်ဗြီးနီရေလူတိကို ရက္ခိုင့်တပ် တော်က နိစဉ်နန့်အမျှ ဖမ်းဆီးရမိနီရေလို့ ဆိုပါရေ။
ယင်းပိုင်ထွက်ဗြီးနီကတ်တေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ တောတောင်ထဲမာ အုပ်စုချေတိအနီနန့်ဖြစ်စီ၊ တယောက်ချင်းဖြစ်စီ ဟိနီနိုင်ရေအတွက် မိဖပြည်သူရို့အနီနန့် နိ၊ ညည့် လားလာရေခါ သတိထားလားလာကတ်ဖို့၊ လုံခြုံရီးသတိထားကတ်ဖို့ကိုလည်း ရက္ခိုင့်တပ်တော်က အသိပီးထားပါရေ။
ရက္ခိုင်ဒေသအတွင်း ကျန်နီသိမ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် အချိန်မနှောင်းခင် လက်နက်ချကတ်ဖို့၊ အလံဖြူထောင်ကတ်ဖို့ ထပ်မံသတိပီးလိုက်တေပိုင် စောစောလက်နက်ချကေ စောစောအသက်ရှင်ခွင့်ရဖို့ဖြစ်ပြီးကေလက်နက်ချအညံ့မခံရေ စစ်ကောင်စီစခန်းတိုင်းကို ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။