APM၊ မာ့ချ် ၁၀ / ၂၀၂၄
ကျောက်ဖြူမြို့မာ မာ့ချ် ၉ ရက်နိ၊ ညည့်အချိန် အကြမ်းဖက်စစ်ကောင်စီစွာ အရပ်သားပြည်သူ နှစ်ယောက်ကို လူမဆန်စွာ ရိုက်နှက် ဖမ်းဆီးလားရေလို့ သိရပါရေ။
အဖမ်းခံရရေလူတိကတော့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံဒွိန်ရွာက ဦးမောင်ကြည်(၅၁ နှစ်) နန့် ဦးအောင်အောင်(၃၄ နှစ်)ရို့ဖြစ်ကတ်ပါရေ။
မာ့ချ် ၉ ရက်နိ၊ ညည့် ၇ နာရီခွဲ အချိန်က ဦးမောင်ကြည်နန့် ဦးအောင်အောင်ရို့စွာ ကျောက်ဖြူမြို့သို့ လောင်းတစီးနန့်လားခါ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ ကျောက်တင်ဆိပ်နားအရောက်မာ ဆိပ်ကမ်းလုံခြုံရီးယူထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၂၀ လောက်က အကြမ်းဖက်ဖမ်းယူလားခစွာလို့ ဒေသခံတိကပြောပါရေ။
ဖမ်းဆီးချိန်မာလည်း ယင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးမောင်ကြည်နန့် ဦးအောင်အောင်ရို့နှစ်ယောက်ကို ရိုက်နှက် သတ်ပုတ်မှု အကြိမ်ကြိမ်ပြုလုပ်ခလို့ ဦးအောင်အောင်မာ ဦးဂေါင်းကွဲဒဏ်ရာ ရလားကြောင်း မျက်မြင်လူတိပြောပြချက်အရ သိရပါရေ။