
APM ၊ မာ့ချ် ၁၀/၂၀၂၄
ရက္ခိုင်ပြည်မာ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ အများပြည်သူ ခရီးလားလာနီရေ ကုန်းလမ်း၊ ရီလမ်းတိကို ရည်ရွယ်ချက်ဟိဟိဖြတ်တောက်ဖျက်ဆီးလျက်ဟိရာ မာ့ချ် ၉ ရက်နိကလည်း မောင်တောမြို့နယ်အတွင်း ဒေသခံပြည်သူတိ အသုံးပြုလားလာနီကတ်တေ မောင်တော-ဇူလရွာလမ်းကို ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဖျက်ဆီး ပစ်လိုက်ကြောင်း သိရပါရေ။
ယင်းလမ်းကို မာ့ချ် ၉ ရက်နိ ညည့် ၁၀ နာရီအချိန်ခန့်က မောင်တောမြို့၊မြို့သူကြီး နခခ (၅)မာ အခြီပြုထားရေ ဘူးသီးတောင်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၂၆၃) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်က မောင်တောမြို့၊ ကညင်တန်းရပ်ကွက်က ပုဂ္ဂလိကပိုင်ဘက်ဟိုးတစီးကို အသုံးပြုပနာ လမ်းကိုတူးဆွ ဖျက်ဆီးပစ်ခကတ်တေလို့ ဒေသခံတိက ပြောပါရေ။
မောင်တော-ဇူလရွာလမ်းစွာ မောင်တောမြို့သို့ ဒေသခံပြည်သူတိ လားလာအသုံးပြုနီကတ်တေ လမ်းတခုဖြစ်ပြီးကေ၊ အကြမ်းဖက်စစ်ကောင်စီတပ်က လူမဆန်စွာဖျက်ဆီးလိုက်တေအတွက် ဒေသခံပြည်သူတိ လားလာရီး အခက်ကြုံနီကတ်ရရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် တိုက်ခိုက်လာဖို့ကို အသက်ထွက်မတတ် စိုးရိမ်ကြောက်လန့်နီရေ စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ ပြည်သူကို အဓိကပစ်မှတ်ထားပနာပြည်သူတိ အငတ်ဖီးဆိုက်စီဖို့ ရည်ရွယ်ချက်နန့် ရိက္ခာပြတ်တောက်လားအောင် ကုန်းလမ်း၊ ရီလမ်းအပါအဝင် ဆက်သွယ်ရီးလမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ ဖြတ်တောက်ထားလို့ဟိနီပါရေ။


