APM ၊ မာ့ချ် ၁၀ / ၂၀၂၄
စစ်တွေမြို့ကို လစာထုတ်ဖို့လာရေ ပညာရီးမှူးနှစ်ယောက်နန့် စနစ်သစ် ၁၂ တန်း စာမိန်းပွဲအတွက် အခန်းစောင့်ဖို့ လာရေ ဆရာ/ဆရာမ ၂၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်တေလို့ သိရပါရေ။
ဖမ်းဆီးခံရလူတိထဲမာ ကျောက်တော်နန့် မြောက်ဦးမြို့နယ်ရို့က ပညာရီးမှူးတိပါဝင်ပြီးကေ ကျန်ရေလူတိမာ တက္ကသိုလ်ဝင်တန်း စနစ်သစ် ၁၂ တန်း စာမိန်းပွဲအတွက် အခန်းစောင့်ဖို့ လာရေ ဆရာ၊ဆရာမတိ ဖြစ်တေလို့ ဆိုပါရေ။
သူရို့တိရေ မာ့ချ် ၇ ရက်နိက စစ်တွေမြို့ကို အရောက်မာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရစွာဖြစ်ပြီးကေ ဇာကြောင့်ဖမ်းဆီးခြင်းကို မသိဟိရဘဲ စစ်တွေမြို့မ ရဲစခန်းမာ ဖမ်းဆီးထိန်းသိမ်းထားရေလို့ သိရပါရေ။
လစာလာထုတ်တေ ပညာရီးမှူးတိနန့် ပညာရီးဝန်ထမ်းတိစွာ ရက္ခိုင်ပြည် ပညာရီးမှူး ဦးဘထွီးစိန်က ဆင့်ခေါ်လို့ လာရခြင်းဖြစ်ပြီးကေ စစ်တွေအရောက်မာ စစ်ကောင်စီက ဖမ်းဆီးလိုက်စွာဖြစ်ပါရေ။
တက္ကသိုလ်ဝင်တန်း စနစ်သစ် စာမိန်းပွဲဖြေဖို့လာရေခါ ကားနန့်ဖြစ်စီ ဟွန်ဒါနန့်ဖြစ်စီ ယာဉ်မာ သာသနာ့အလံထောင်လို့လာရဖို့ဖြစ်ပြီးကေ ရီကြောင်းလာရောက်ပါက စစ်တွေမြို့ ရွှီပြည်တန်ဆိပ်ကမ်းနန့် ဆတ်ရိုးကျတန်းထားရို့မာရာ ဆိုက်ကပ်ရဖို့လို့ စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တွေမြို့ခံ ဆရာမတယောက်က ဆိုပါရေ။
“ရက္ခိုင်မှန်သမျှကို သူရို့ရန်သူလို့မြင်နီပါရေ။ လစာလည်း ပီးချင်ပုံမရ။ စာမိန်းပွဲလည်း ဟုတ္တိပတ္တိလုပ်ချင်ပုံမရ။ ဒေကြားထဲ အကျွန်ရို့စစ်တွေမာ သတင်းထွက်နီစွာက စာမိန်းပွဲနောက်ဆုံးနိမာ အချေတိကို အားလုံးဖမ်းပနာ စစ်မှုထမ်းခိုင်းဖို့လို့ သတင်းထွက်နီပါရေ။ လက်ဟိသူရို့လုပ်ပုံကိုင်ပုံတိအရ မလုပ်လို့ ပြောမရ” လို့ အဆိုပါ ဆရာမက ဆိုပါရေ။
အခြားတဖက်မာ ဒေရက်ပိုင်း စစ်တွေဝန်းကျင်တဝိုက် ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီ အကြား စစ်ရီးအလွန်တင်းမာနီပြီး စာမိန်းပွဲကာလမာ တိုက်ပွဲတိဖြစ်လာပါက ပိတ်မိနီလတ်မေကို မိဖတိကလည်း အထူး စိုးရိမ်နီကတ်ပါရေ။
စနစ်သစ် တက္ကသိုလ်ဝင်စာမိန်းပွဲကို နက်ဖြန် မာ့ချ် ၁၁ ရက်ကနီ မာ့ခ်ျ ၁၉ ရက်နိထိ ဖြေဆိုရဖို့ဖြစ်ပါရေ။