APM ၊ မာ့ချ် ၁၀ / ၂၀၂၄
မာ့ချ် ၉ ရက်နိညည့်အချိန် အကြမ်းဖက်စစ်ကောင်စီနေဗီက လက်နက်ကြီးနန့် ပစ်လို့ မင်းပြားမြို့နယ်က အပြစ်မဲ့ပြည်သူ တယောက် ဂွင်ချင်း သီဆုံးလားပနာ အိမ် ၂ ဆောင်နန့် စပါးတောင်း ၇၀၀ ထည့်ထားရေ စပါးဂျီ ၁ လုံး ပျက်စီးလားကြောင်း သိရပါရေ။
သီဆုံးလားခရေ လူကတော့ မင်းပြားမြို့နယ်၊ ပိုက်သည် (မူဆလင်)ရွာက မဂျီနု (၂၇ နှစ်) ဖြစ်ပါရေ။
မာ့ချ် ၉ ရက်နိ၊ ညည့် ၈ နာရီ ၃၀ မိနစ်အချိန် စစ်တွေမြစ်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီနေဗီက မင်းပြားမြို့နယ်၊ ပိုက်သည်ရွာထဲကို လက်နက်ကြီး ၂ လုံးတိတိ လှမ်းပစ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံး ပိုက်သည်ရွာထဲက ဦးဘစိန်၏ စပါးဂျီအလယ်ဂေါင်တည့်တည့်ကို ကျရောက်ပေါက်ကွဲခပနာ သမီးဖြစ်သူ မဂျီနုမာ နီရာမာပင်ဂွင်ချင်းသီဆုံးလားကြောင်း ရွာသားတိကပြောပါရေ။
ယင်းအပြင် လက်နက်ကြီးအစထိမှန်လို့ မောင်လုံးချေအိမ်၊ ဦးဘစိန်အိမ်နန့် စပါးဂျီထဲမာဟိရေ စပါးတောင်း ၇၀၀ မာလည်း ပျက်စီးဆုံးယှုံးလားကြောင်းဆိုပါရေ။
ယင်းနိ ညည့် ၈ နာရီ ၁၀ မိနစ်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲလို့ မင်းပြားမြို့နယ်၊ သဲတန်းရွာက ဦးမောင်ဝင်း ၏ (Music Love – KTV) က ခြံစည်းရိုးနန့် အဆောင်တိလည်း ပျက်စီးခပါသိမ့်ရေ။