APM ၊ မာ့ချ် ၁၀ / ၂၀၂၃
စစ်ကောင်စီပြုလုပ်မည့်ရွီးကောက်ပွဲတွင်ဝင်ပြိုင်ရန် နိုင်ငံရီးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မာ့ချ် ၈ ရက်နိ အထိ ရွီးကောက်ပွဲကော်မသျှင်တွင် လာရောက်မှတ်ပုံတင်ထားသည့် ကချင်ပြည်အခြီစိုက် နိုင်ငံရီးပါတီ (၃)ခုဟိကြောင်း သိရသည်။
အဆိုပါ ကချင်ပါတီများမှာ ဒီမိုကရေစီသစ်ပါတီ (ကချင်) ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နန့် လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရီးပါတီ (ဒူးလေး) ရို့ဖြစ်သည်ဟု ပြည်ထောင်စုရွီးကောက်ပွဲကော်မသျှင်(UEC)က ထုတ်ပြန်ထားသည်။
လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရီးပါတီ (ဒူးလေး) သည် မာ့ချ် ၈ရက်နိတွင် မှတ်ပုံတင်ခခြင်းဖြစ်ပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)သည် မာ့ချ် ၇ ရက်နိနန့် ဒီမိုကရေစီသစ်ပါတီ (ကချင်)သည် ပြီးခသည့် ဖေဖော်ဝါရီ ၂၂ ရက်နိ တွင် အသီးသီး မှတ်ပုံတင် လျှောက်ထားခကတ်ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရီးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကတော့ စစ်ကောင်စီပြုလုပ်မည့် ၂၀၂၃ ရွီးကောက်ပွဲတွင် မပါဝင်ကတ်ရန် နှစ်သစ်ကူးမိန်းခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
ဒေလ မာ့ချ် ၈ရက်နိအထိ ရွီးကောက်ပွဲ ကော်မသျှင်ထံတွင် နိုင်ငံရီးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နန့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၁၉ ပါတီဟိပြီး ယင်းအထဲတွင် ပြည်ထောင်စုအဆင့်ပါတီ(၅)ခုနန့် ပြည်နယ်အဆင့် ပါတီ(၁၂) ခုဟိကြောင်း သိဟိရသည်။
Photo – KSPP