APM ၊ မာ့ချ် ၁၀ / ၂၀၂၃
မြန်မာပြည်၏ နိုင်ငံရီးအကျပ်အတည်းကို အဆုံးသတ်ဖြေယှင်းရန် မလေးသျှားနိုင်ငံတခုတည်းမဟုတ်ဘဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအားလုံး၏ သဘောတူညီချက်များနန့် ဆက်လက်ပူးပေါင်းဆောင်ရွက်လားမည်ဟု မလေးသျှား နိုင်ငံခြားရီးဝန်ကြီး ဒါတွတ်ဆရီ ဇမ်ဘရီ အက်ဘ် ကာဘီရာက ပြောကြားသည်။
မာ့ချ် ၉ ရက်နိ၌ အောက်လွှတ်တော်အစည်းအဝေးတွင် အမတ်တဦးက မလေးသျှားနန့် အာဆီယံနိုင်ငံများအနီနန့် မြန်မာပြည်ကို စီးပွားရီးပိတ်ဆို့ရန် အစီအစဉ်ဟိ/မဟိ မိန်းမြန်းရာတွင် နိုင်ငံခြားရီးဝန်ကြီး ဇမ်ဘရီက ယင်းသို့ ပြောကြားခခြင်းဖြစ်သည်။
မြန်မာပြည်၏ လက်ဟိအခြေအနေသည် ရှုပ်ထွီးနီသည့်အတွက် နောက်ပိုင်းတွင် တခြားအင်အားကြီး နိုင်ငံများက ဝင်ရောက် စွက်ဖက်ရန် ဖြစ်နိုင်ခြေဟိပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်လာနိုင်ကြောင်း၊ မြန်မာပြည်၏ နိုင်ငံရီး ပြဿနာနန့်လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် လျော့နည်းမလား၍ စိုးရိမ်ပူပန်ရသည်ဟု ဇမ်ဘရီက ဆိုသည်။
ယင်းအပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ခြင်းသည် ကျေနပ်လောက်သည့် အဆင့်ကိုမရောက်သိမ့်ကေလေ့ မလေးသျှားအနီနန့် မြန်မာ့ပဋိပက္ခပြေလည်အောင် ကူညီရန်ဆက်လက် ကြိုးပမ်းနီပြီး မြန်မာပြည်ဟိ မလေးသျှား သံရုံးသည်လေ့ ဆက်လက်လည်ပတ်နီကာ နိုင်ငံတွင်းဖြစ် ပေါ်တိုးတက်မှုများအကြောင်းကိုအသိပီးဆောင်ရွက်ပီးနီဆဲဖြစ်ကြောင်း ဇမ်ဘရီက ပြောကြားခသည်။
SOURCE – Malaysia, Asean to find solution to Myanmar crisis
Photo – BERNAMA