
APM ၊ ဖေဖော်ဝါရီ ၁၀ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းလားခပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် အပြစ်မဲ့ပြည်သူ ၆ ယောက်အမှုကို ဒေနိ(ဖေဖော်ဝါရီ ၁၀ ရက်နိ) ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရပြီး၊ ရုံးချိန်းအရွှိခံနီရသူများမှာ ကျောက်တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့ နယ် အငူရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကို၊မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိမိုးထ ၁၁ နာရီတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး တရားသူကြီးက အမှုသည်များ၏ မိဖနာမည်များကိုရာ အနည်းအကျဉ်း စစ်ဆီးမိန်းမြန်းကာ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ ဆက်လက် မစစ်ဆီးနိုင်ခဘဲ၊ လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
သူရို့ ၆ ယောက်သည် ပြီးခသည့် ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စကခ(၉)နန့် ခမရ(၅၃၉) စစ်ဆီးရီးဂိတ်များတွင် အသီးသီအဖမ်းခံခရသူများဖြစ်ပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၆ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိဟိရပါသည်။
