
APM ၊ ဖေဖော်ဝါရီ ၁၀ / ၂၀၂၃
စစ်အုပ်ချုပ်ရီးကြေညာထားသည့် ချင်းပြည်၊ ထန်တလန်မြို့ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက်နိက ချင်းအမျိုးသားတပ်ဦး CNF က တိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့ဝင်တချို့သီဆုံး ဒဏ်ရာရမှုများ ဟိခသည်ဟု ဖေဖော်ဝါရီ ၁၀ ရက်နိထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြသည်။
အဆိုပါ ထန်တလန် ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း “ရဲတပ်ဖွဲ့ဝင်တချို့သီဆုံးဒဏ်ရာရမှုများဟိပြီး၊ လက်နက်တချို့ပါ ဆုံးယှုံးခရကာ စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနီကြောင်း ” စစ်ကောင်စီက ထုတ်ပြန်ထားသည်။
CNF ၏ ပြောခွင့်ရ ဆလိုင်းထက်နီကတော့ “ထန်တလန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ရာတွင် အလောင်း ၄ လောင်းနန့် သီနတ် အလက် ၄၀ ကျော် သိမ်းဆည်းရမိခသည်”ဟု ဆိုသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်နိမှစ၍ စစ်ကိုင်း၊မကွေးနန့် ချင်းပြည်စသည့် ဒေသတချို့မှ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရီးကြေညာခပြီး၊ ယင်းအထဲတွင် ချင်းပြည်မှ ထန်တလန်နန့်အတူ မြို့နယ် ၇ မြို့နယ် ပါဝင်ကြောင်း သိရသည်။
Photo – CNF
