APM၊ ဒီဇမ်ဘာ ၁၀/ ၂၀၂၄
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ကို ဒီဇမ်ဘာ ၉ ရက်နိ၊ ညဇာပိုင်းမာလည်း အကြမ်းဖက် စစ်ကောင်စီက ဗုံးထပ်ကြဲခလို့ လူနီအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးလားရေလို့ ဒေသခံတိက ပြောပါရေ။
ဒီဇမ်ဘာ ၉ ရက်နိ၊ ညဇာ ၇ နာရီလောက်မာ စစ်ကောင်စီစွာ ဂျက်ဖိုက်တာနန့် ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံကို ဗုံးထပ်ကြဲခရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲလမ်းခွဆုံနားက လူနီအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးလားရေလို့ ဆိုပါရေ။
ကုန်ခရေ ဒီဇမ်ဘာ ၄ ရက်နိကလည်း ယင်း ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခလို့ ခရစ်ယာန် ဘုရားကျောင်းနန့် နီအိမ် ၁၅ ဆောင်မာလည်း မီးလောင်ပျက်စီးလားခရပါသိမ့်ရေ။
ပုံစာ- ၂၀၂၄ ခုနှစ်၊ ဒီဇမ်ဘာ ၉ ရက်နိ၊ ညဇာ ၇ နာရီအချိန်ခန့်၌ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးလားသည့် လူနီအိမ်တချို့ကို တွိရစဉ် (Arakan Princess Media)။