APM၊ ဒီဇမ်ဘာ ၁၀/ ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၀ ရက်နိ)၊ မိုးထပိုင်းမာ ကရင်နီပြည်၊ လွိုင်ကော်မြို့ဟိ သီရိမင်္ဂလာဈီးကို စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်ခလို့ ဈီးတခုလုံးမီးလောင်ပြာကျလားကြောင်း သိရပါရေ။
စစ်ကောင်စီက ဒီဇမ်ဘာ ၉ ရက်နိ၊ ညဇာပိုင်းကစလို့ သီရိမင်္ဂလာဈီးနန့် အနီးအနားဟိ လောဓမ္မရပ်ကွက်ကို လက်နက်ကြီး ပစ်ခတ်နီစွာကြောင့် နီအိမ်တချို့ ထိခိုက်ပျက်စီးမှုဟိခပြီးကေ ဒေနိမိုးထစေစော ၁ နာရီလောက်မာ ဈီးကို မီးလောင် လားစွာလို့ ဒေသခံတိက ဆိုပါရေ။
ဈီးမီးလောင်နီချိန်အတွင်းမာလည်း မြို့တွင်းမာတိုက်ပွဲတိဖြစ်နီပြီးကေစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နီလို့ ဒေသခံတိလည်း မီးမငြိမ်းသတ်ဝံ့ဘဲ မိုးထ ၆ နာရီကျော်လောက်မာတော့ ဈီးတခုလုံး လောင်ကျွမ်းပြာကျလားရေလို့ သိရပါရေ။
အဆိုပါ သီရိမင်္ဂလာဈီးစွာ လွိုင်ကော်မြို့၏ အကြီးဆုံးဈီးတခုဖြစ်ပြီးကေ ဆိုင်ခန်းပေါင်း ၁၀၆၂ ခန်း၊ ပျံကျ ၄၀၀ ကျော်နန့် ဈီးသူ/ဈီးသား ၅၀၀ ကျော်ရောင်းချနီစွာလို့ သိဟိရပါရေ။
Photo – လူမှုကွန်ယက်