APM၊ ဒီဇမ်ဘာ ၁၀ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်မာ ဒီဇမ်ဘာ ၉ ရက်နိ၊ ညည့် ၉ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီတပ် ယမ်းကား ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူနီအိမ်တဆောင် ပျက်စီးဆုံးယှုံးလားကြောင်း သိရပါရေ။
ပျက်စီးလားရေနီအိမ်မာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာ(ရွာသစ်)ရွာက ဦးထွန်းဝေစိုး (၃၄နှစ်) ၏ နီအိမ်ဖြစ်ပါရေ။
ဒီဇမ်ဘာ ၉ ရက်နိ၊ ညည့် ၉ နာရီလောက်မာ စစ်တွေမြို့နယ်၊ ပါဒလိပ်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ(၃၄၄)က လက်နက်ကြီး ကျည် ၆ လုံးလောက် ယမ်းကားပစ်ခတ်ခပြီးကေ နှစ်လုံးစွာ ပဒေသာရွာသစ်သို့ ကျရောက်ခပါရေ။
ယင်းနှစ်လုံးမာ တလုံးစွာ ဦးထွန်းဝေစိုး၏ နီအိမ်သို့ ကျရောက်ပေါက်ကွဲခပြီးကေ အိမ်တဆောင်လုံး ပြိုကျပျက် စီးလားခရေလို့ ရွာသားတိက ပြောပါရေ။
ကျန်တလုံးကတော့ ဦးသာထွန်း၏ နီအိမ်နောက်ဖက်သို့ ကျရောက်ခပနာ မပေါက်ကွဲဘဲ ကျန်နီသိမ့်ရေလို့ ဆိုပါရေ။
အဆိုပါလက်နက်ကြီးကျည်စွာ အချိန်မရွီးပေါက်ကွဲလားဖို့ကို ရွာသားတိ စိုးရိမ်နီကတ်ရကြောင်း သိဟိရပါရေ။