
APM၊ဒီဇမ်ဘာ ၁၀/၂၀၂၃
ဆက်သွယ်ရီးဥပဒေပုဒ်မ ၆၅ နန့် တရားစွဲ ခံထားရရေ Developement Media Group (DMG) သတင်းသမား ကိုထက်အောင် နန့် ကိုစိုးဝင်းအောင်ရို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီဇမ်ဘာ ၂၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရပါရေ။
ဒီဇမ်ဘာ ၉ ရက်နိမာ ကိုထက်အောင် နန့် ကိုစိုးဝင်းအောင်ရို့ကို အကြမ်းဖက်စစ်ကောင်စီက စစ်တွေမြို့နယ် တရားရုံးမာ ရုံးထုတ်ခကေလေ့ တစုံတရာစစ်ဆီးမှု မလုပ်ဘဲ စစ်တွေမြို့နယ် စစ်ကောင်စီ တရားသူကြီး ဦးဝင်းနိုင်က လာဖို့ ဒီဇမ်ဘာ ၂၂ ရက်သို့ ရုံးချိန်းထပ်ရွှိလိုက်ပါရေ။
အကြမ်းဖက် စစ်ကောင်စီက ကိုထက်အောင် နန့် ကိုစိုးဝင်းအောင်ရို့ကို ဒီဇမ်ဘာ ၈ ရက်နိကပင် စစ်တွေအမှတ် (၁) ရဲစခန်းမာ ထိန်းသိမ်းထားရာကနီ စစ်တွေအကျဉ်းထောင် ထောင်ချုပ်သို့ ပို့ဆောင်ခကြောင်း နီးစပ်သူ တယောက်က ပြောပါရေ။
ကိုထက်အောင်စွာ အောက်တိုဘာ ၂၉ ရက်နိက စစ်တွေမြို့ ဝင်္ကဘာကွင်းမာ ဓာတ်ပုံသတင်း ယူနီချိန် အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခရပြီးကေ ယင်းကတဆင့် အကြမ်းဖက်စစ်ကောင်စီအထူးရဲတပ်ဖွဲ့ SB၊ အထူးစုံစမ်းရီးတပ်ဖွဲ့ စသုံးလုံးနန့် ရဲတပ်ဖွဲ့နန့် စစ်ကောင်စီတပ်ဖွဲ့ဝင်စုပေါင်းအင်အား ၂၀ လောက်စွာ ရဲကား ၃ စီးနန့် စစ်တွေမြို့၊ စံပြရပ်ကွက်ဟိ DMG သတင်းဌာနရုံးသို့ ဝင်ရောက် စီနင်းပနာ ကိုစိုးဝင်းအောင် ကိုပါ ဖမ်းယူလားခစွာဖြစ်ပါရေ။
ယင်းအပြင် အကြမ်းဖက် စစ်ကောင်စီစွာ DMG သတင်းဌာနရုံးခန်းထဲက ကွန်ပျူတာ၊ကင်မရာ အပါအဝင် ရုံးသုံးပစ္စည်းတိအားလုံးကိုလည်းသိမ်းယူလားခြပနာ ရုံးခန်းကိုပါ ချိပ်ပိတ်ထားခစွာပါ။
ယင်းနောက် ကိုထက်အောင် နန့် ကိုစိုးဝင်းအောင်ရို့ကို အောက်တိုဘာ ၃၁ ရက်နိ မာ အကြမ်းဖက် စစ်ကောင်စီက ဆက်သွယ်ရီးဥပဒေပုဒ်မ ၆၅ နန့် အမှုဖွင့်ထားခစွာဖြစ်ပါရေ။
