
APM၊ နိုဗမ်ဘာ ၁၀/၂၀၂၃
မောင်တောမြို့နယ်မာ နိုဗမ်ဘာ ၁၀ ရက်မိုး ထစောစော ၁ နာရီလောက်က အိမ်တဆောင် မီးလောင်ပြာကျလားကြောင်း သိရပါရေ။
မီးလောင်ပြာကျလားရေ အိမ်မာ မောင်တောမြို့နယ် လိပ်ရ(မြောက်) ကျေးရွာက ဦးဆွေယော့ဆာလမ်၏ နီအိမ်ဖြစ်ပါရေ။
နိုဗမ်ဘာ ၁၀ ရက်နိ မိုးထစောစော ၁ နာရီလောက်က ဦးဆွေယော့ဆာလမ်ရို့ မိသားစုစွာ အိမ်ခန်းထဲမာ အိပ်နီချိန် အိမ်ထဲဟိ မိုးဖို မီးကြွင်း၊ မီးကျန်ကတဆင့် မီးစလောင်လားစွာလို့ နီးစပ်သူတယောက်က ပြောပါရေ။
ယင်းမီးလောင်မှုကြောင့် အိမ်တဆောင်လုံး ပြာကျလားပြီးကေ အိမ်ထဲက ပစ္စည်းတိလည်း မီးထဲပါ ပျက်စီဆုံးယှုံးလားရေလို့ ဆိုပါရေ။
မီးလောင်မှုကိုတော့ အိမ်နားပါးချင်းတိ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မိုးထစောစော ၂ နာရီလောက်မာ မီးသတ်နိုင်ခကြောင်းသိရပါရေ။
လက်ဟိမာ အဆိုပါ မီးလောင်မှုနန့် ပတ်သက်လို့ သက်ဆိုင်ရာက အရေးယူဆောင်ရွက်နီကြောင်း သိရပါရေ။
