
APM ၊ နိုဗမ်ဘာ ၁၀ / ၂၀၂၃
ရသေ့တောင်မြို့နယ်ဟိ ပုဂ္ဂလိကပိုင်ကျွန်းခင်းတခုအတွင်းသို့ ဒေနိ(နိုဗမ်ဘာ ၁၀ ရက်နိ) မိုးထမာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက အဓမ္မ ဝင်ရောက်လာပြီးကေ ကျွန်းပင်တိ ထုတ်ယူနီကြောင်း သတင်းရဟိပါရေ။
ဖြစ်စဉ်မာ ဒေနိမိုးထ ၁၀ နာရီလောက်မာ ရသေ့တောင်မြို့နယ်၊ တောင်ဦးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်စွာ စခန်းအနောက်ဖက်ဟိ ပုဂ္ဂလိကပိုင်ကျွန်းခင်းထဲသို့ တေဘာကားတိနန့် ဝင်ရောက်လာပြီးကေ ကျွန်းပင်တိကို ချိန်းစက်နန့် ဖြတ်ပနာ ထုတ်ယူနီရေလို့ မျက်မြင်ဒေသခံတိကပြောပါရေ။
ယင်းနောက် စစ်ကောင်စီတပ်သားတိစွာ ဖြတ်ပြီးသား ကျွန်းပင်တိကို တေဘာကားတိနန့် တင်ပနာ အငူမော်စခန်းသို့ ပို့ဆောင်နီရေလို့ ဆိုပါရေ။
ဒေသခံတိပြောကြားချက်အရ ယင်းကျွန်းခင်းစွာ ရသေ့တောင်မြို့နယ်၊အငူမော်ကုန်တန်းကျေးရွာနီ ဦးစောထွန်းသာ ပိုင်ဆိုင်ရေ ကျွန်းခင်းဖြစ်ပြီးကေ ဧက ၁၀ ကျော် ကျယ်ဝန်းပနာ သက်တမ်း ၁၀ နှစ်ဟိ ကျွန်းပင် ၆၀၀၀ လောက်ဟိပါရေ။
အယင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ယင်းကျွန်းခင်းကကျွန်းပင် ၅၀၀ လောက်ထုတ်ယူလားခဖူးကြောင်း သိဟိရပါရေ။
Photo – Original Uploader
