
APM၊နိုဗမ်ဘာ ၁၀ / ၂၀၂၃
Devolopment Media Group (DMG) သတင်းထောက် ကိုထက်အောင်နန့် ရုံးစောင့် ကိုစိုးဝင်းအောင်ရို့ကို စစ်ကောင်စီက ဖမ်းဆီးပြီးကေ ဆက်သွယ်ရီးဥပဒေ ပုဒ်မ ၆၅ နန့်တရားစွဲဆိုထားမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက နိုဗမ်ဘာ ၉ ရက်နိ မာ သဘောထား ထုတ်ပြန်ပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် နိ မိုးထ (၅)နာရီလောက်က စစ်တွေမြို့ ဝင်္ကဘာ ကွင်းမာ အဝီးသင် မြန်မာစာဒုတိယနှစ် ကျောင်းသား ဖြစ်သူ ကိုထက်အောင်ကို ဖမ်းဆီးပြီးကေ DMG ရုံးသို့ စီးနင်းဝင်ရောက်ပနာ ရုံးစောင့် ဖြစ်သူ ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးလားကြောင်း ဖော်ပြထားပါရေ။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ DMG သတင်းဌာန ရုံးသုံးပစ္စည်းတိကိုပါ သိမ်းဆည်း ယူခပြီးကေ ရုံးကိုလည်း ချိပ်ပိတ်ထားခရေလို့ ဆိုပါရေ။
ကိုထက်အောင်နန့် ကိုစိုးဝင်းအောင်ရို့ကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းမာ ချုပ်နှောင်ထားပြီးကေ မင်းအောင်လှိုင်အစိုးရက ဆက်သွယ်ရီးဥပဒေ ပုဒ်မ (၆၅)နန့် တရားစွဲဆိုထားကြောင်း ရွီးသားထားပါရေ။
DMG သတင်းဌာနအပါအဝင် ရက္ခိုင်ပြည်ပတွင်းက သတင်းဌာနတိစွာ ရက္ခိုင်ပြည် အရေး ကိစ္စနန့်ပတ်သက်လို့ ဘက်လိုက်မှုမဟိ ရွီးသားတင်ပြနီရေ အမှီခိုကင်း သတင်းဌာနတိ ဖြစ်ပြီးကေ ကိုထက်အောင်စွာ လက်ဟိ အဝီးသင်ဌာန ဒုတိယနှစ်မာ ပညာသင်ယူနီ ပနာ DMG သတင်းဌာနမာလည်း သတင်းထောက်တာဝန်ကို ထမ်းဆောင်နီသူ ဖြစ်ကြောင်း ဖော်ပြထားပါရေ။
စစ်ကောင်စီအနီနန့် ရက္ခိုင်ပြည်ဟိ သတင်းဌာနတိနန့် သတင်းထောက်တိကို စီးနင်းဝင်ရောက် ဖမ်းဆီးတရားစွဲစွာတိရေ ရက္ခိုင်ပြည်အတွင်း သူရို့၏ မတရား လုပ်ရပ်တိနန့် လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ရက္ခိုင်ပြည်လူထုကို သတင်းအမှောင်ချပနာ အသံတိတ်ကျူးလွန်ဖို့ ကြိုတင်ပြင်ဆင်ရေ လုပ်ရပ်လို့လည်း က္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
