APM၊ နိုဗမ်ဘာ ၁၀/ ၂၀၂၃
အကြောင်းပြချက်မည်မည်ရရမဟိဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွိဆိုင်းပနာ ၁ နှစ်ကျော်ကြာအထိ အမှု မစစ်ဘဲထားရေ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာက ကိုမောင်သက်စိုး(ခ)ကိုမောင်ချေအမှုကို အပြစ်မဟိကေ အယင်ဆုံးပြန်လွတ်ပီးဖို့ မိသားစုတိတောင်း ဆိုနီကတ်ပါရေ။
အသက် ၃၉ နှစ်အရွယ် ကိုမောင်သက်စိုးစွာ ကုန်ခရေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နိက ကျောက်တော်မြို့နယ်၊ ကာဒီကျေးရွာ က ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်းနန့်အတူ ကန်စောက်အခြီစိုက် ခမရ (၅၃၉) တပ်ရင်းသို့ အဖော်အဖြစ် လိုက်ပါလားခါ ဖမ်းဆီးခံခရပါရေ။
ယင်းနောက် စစ်ကောင်စီက ဦးလှမောင်သန်းနန့် ကိုမောင်သက်စိုးကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်တေဆိုပနာ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၀ နိက စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမာ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နန့် တရားစွဲဆိုထားစွာဖြစ်ပါရေ။
ယင်းအထဲ ဦးလှမောင်သန်းမာ အမှုရင်ဆိုင်နီရစဉ် စစ်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၃၁ နန့် ပါ ထပ်တိုးတရားစွဲဆိုခံခရကေလေ့ ဩဂတ်စ် ၂ ရက်နိ လွတ်ငြိမ်းခွင့်နန့်ပြန်လွတ်လာပနာ ကိုမောင်သက်စိုးကတော့ ၁ နှစ်ကျော်အထိ အမှု ရင်ဆိုင်နီရသိမ့်စွာ ဖြစ်ပါရေ။
ကိုမောင်သက်စိုးကို နိုဗမ်ဘာ ၉ ရက်နိက စစ်တွေမြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးဝင်းနိုင်က ခါတိုင်းပိုင်တရားလိုမရောက်စွာကို အကြောင်းပြပနာ (၂၇) ကြိမ်မြောက်ရုံးချိန်းရွိဆိုင်းလိုက်ပြီးကေ လာဖို့ နိုဗမ်ဘာ ၂၃ ရက်နိသို့ရုံးချိန်းထပ်ရွိလိုက်ပါရေ။
အဂုပိုင် ရုံးချိန်းအကြိမ်ကြိမ်ရွှိဆိုင်းနီရေအတွက် ကိုမောင်သက်စိုး၏ မိသားစုတိမာ ငွေကြေး အခက်အခဲကြောင့် ရုံးချိန်းတောင်မလားနိုင်ယာဖြစ်ပိုင် စားဝတ်နီရီးကိုလည်း မနည်းရုန်ကန်နီကတ်ရလို့ အပြစ်မဟိဆိုကေ အယင်ဆုံး ပြန်လွှတ်ပီးဖို့တောင်းဆိုနီကတ်စွာဖြစ်ပါရေ။
ကိုမောင်သက်စိုးမာ မယားနန့်တတူ ၂ နှစ်အရွယ်အချေတယောက်ဟိပြီးကေ လက်ဟိ မယားနန့်သားစွာ နီထိုင်စား သောက်ရီးအခက်ကြုံနီရကတ်ရပါရေ။
ကိုမောင်သက်စိုးကိုတော့ စစ်တွေမြို့အမှတ်(၁) ရဲစခန်းမာ ချုပ်နှောင်ထားရေလို့သိဟိရပါရေ။