APM ၊ အောက်တိုဘာ ၁၀/ ၂၀၂၃
စစ်တွေမြို့ ၊အကျဉ်းထောင်မာ ဖမ်းဆီးချုပ်နှောင်ခံထားရရေ ရက္ခိုင်အမျိုးသမီးများကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးအမှုကို စစ်တွေ မြို့နယ်၊ တရားရုံးမာ အောက်တိုဘာ ၉ ရက်နိက တရားလိုပြသက်သီနှစ်ယောက်ကို ရုံးထုတ်စစ်ဆီးခပြီး၊ လာမည့် အောက်တိုဘာ ၁၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရပါရေ။
ဒေါ်ညိုအေးအမှုကို အောက်တိုဘာ ၉ ရက်နိရုံးချိန်းမာ လိုပြသက်သီနှစ်ယောက်စစ်ခပြီးကေ အောက်တိုဘာ ၁၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်တေလို့ ဆိုပါရေ။
ဒေါ်ညိုအေးစွာ ဩဂတ်စ် ၁၃ ရက်နိက ဆန်ပြသနာနိအခမ်းအနားကို တက်ရောက်ခရေအတွက် မြန်မာစစ်တပ်က ဖမ်းဆီးခစွာဖြစ်ပါရေ။
ယင်းနောက် စစ်တွေမြို့မရဲစခန်းမှူးက တရားလိုလုပ်ပနာ စစ်တွေမြို့နယ်တရားရုံးမာ မြန်မာပြည်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) နန့် ကနဦး အမှုဖွင့် တရားစွဲခစွာပါ။
ပြီးခရေ စပ်တမ်ဘာ ၂၅ ရက်နိကရုံးချိန်းမာတော့ ဒေါ်ညိုအေးကို ဥပဒေ ပုဒ်မ ၅၀၅ (က)နန့်ပြောင်းလဲတရားစွဲဆိုပြီးကေ ရုံးထုတ်စစ်ဆီးခရေလို့ သိပါရေ။