APM ၊ ဂျန်နဝါရီ ၁၀/၂၀၂၄
မင်းပြားမာ ဂျန်နဝါရီ ၁၀ ရက်နိ၊နိခင်းက စစ်ကောင်စီတပ်လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခလို့ အာရက္ခပြည်သူ တယောက်သီဆုံးလားခပြီးကေ ဆရာတော်တပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားခလူမာ မင်းပြားမြို့နယ်၊ဖားပြို(ရက္ခိုင်)ရွာက ဦးမောင်ကျော်မြ (၅၇ နှစ်)ဖြစ်ပြီးကေ၊ ဒဏ်ရာရလားလူတိကတော့ မင်းပြားမြို့၊မြို့မတောင်ကျောင်းက ဆရာတော်အသျှင်ကဝိသာရ (သက်တော် ၆၀ နှစ်)၊ မင်းပြားမြို့နယ်၊ သေကန်ရွာက ဒေါ် ဦးဝေမ(၄၄ နှစ်)၊ သေကန်ရွာမာ စစ်ဖီးယှောင်နီရေ ပြည်တော်လှရပ်ကွက်က ကိုမျိုးသန့်(၂၀ နှစ်)နန့် ဦးမောင်မြင့်(၄၂ နှစ်)၊နန့် ဖားပြိုရွာ စစ်ဖီးယှောင်နီရေ မြေပုံမြို့၊ ကန်သာထွက်ဝက မမျိုးသန်းနွယ်(၂၈ နှစ်)ရို့ဖြစ်ပါရေ။
ဂျန်နဝါရီ ၁၀ ရက်နိ၊ မိုးထ ၉ နာရီလောက်ကစပနာ မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၉)၊ ခမရ(၃၈၀)၊ ခမရ(၅၄၁)တပ်ရင်း ရို့က မင်းပြားမြို့နန့် အနားဟပ်စပ်ကျေးရွာဟိတိကို လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခပါရေ။
ယင်းသို့ ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိစွာ မင်းပြားမြို့နယ်၊ဖားပြို(ရက္ခိုင်)ရွာဟိ ဦးမောင်ကျော်မြ အိမ်သို့ တလုံးကျ ရောက်ပေါက်ကွဲခလို့ ဦးမောင်ကျော်မြမာ ပြင်းပြင်းထန်ထန် ဒဏ်ရာရဟိ လားပနာသီဆုံးလားခရေပိုင် ဖားပြိုရွာမာ စစ်ဖီးယှောင်နီရေ မြေပုံမြို့၊ကန်သာထွက်ဝက မမျိုးသန်းနွယ်မာလည်း လက်နက်ကြီးကျည်စ ထိမှန်ပနာ ထိခိုက် ဒဏ်ရာရလားပါရေ။
ယင်းအပြင် မိုးထ ၇ နာရီအချိန်လောက်မာ စစ်ကောင်စီပစ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ မြို့မတောင်ကျောင်းသို့ ကျရောက်ပေါက်ကွဲခလို့ ယင်းကျောင်းဟိဆရာတော် အသျှင်ကဝိသာရ မာကျည်စထိမှန်ပနာ ထိခိုက်ဒဏ်ရာရဟိ လားခပါသိမ့်ရေ။
အလားတူ နိခင်း ၂ နာရီကျော်လောက်ကလည်း စစ်ကောင်စီတပ် ပစ် ခတ်လိုက်တေ လက်နက်ကြီးကျည် နှစ်လုံးစွာ သေကန်ရွာထဲကို ကျရောက်ပေါက်ကွဲခလို့ ကိုမျိုးသန့်၊ ဦးမောင်မြင့်နန့် ဒေါ် ဦးဝေမ ရို့ဒဏ်ရာအသီးသီး ရဟိလားကြောင်းသိရပါရေ။