APM ၊ ဂျန်နဝါရီ ၁၀ / ၂၀၂၃
အသင်းဖော်ထက် လုပ်ခလစာ အဆမတန် အများအပြားရနီသည့် ကဇတ်သမား မဟိစီဖို့နန့် ကဇတ်သမား အချင်း ချင်းမနာလိုဖြစ်မှု မဟိစီဖို့ ကဇတ်သမားများ၏တပတ်လုပ်ခကို ပေါင် ၂ သိန်းအထိရာ အများဆုံးပီးဖို့ မန်ယူအသင်း စီစဉ်နီကြောင်း သိရသည်။
ယင်းအစီအစဉ်ကို မန်ယူအသင်းအမှုဆောင်ချုပ် ရစ်ချက်အာနိုးက အဆိုပြုခပြီး၊ အသင်းနည်းပြ အဲရစ်တန်ဟတ်ဂ် က ထောက်ခံခသည်ဟု သိရသည်။
၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလက အသင်းနန့်လမ်းခွဲခသည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကို တပတ်လုပ်ခပေါင် ၅ သိန်း ဝန်းကျင်ပီးခ၍ အသင်းဖော်အချင်းချင်းအကြား မနာလိုမှုဖြစ်ပေါ်ခပြီး၊ စည်းလုံးမှုထိခိုက်ခရသည်ဟု နည်းပြ တန်ဟတ်ဂ်က ထောက်ပြသည်။
လက်ဟိတွင် မန်ယူအသင်းသည် ဆုဖလားအောင်မြင်မှုများ နန့် အလှမ်းကွာနီကေလေ့ ပရီးမီးယားလိဂ်၌ လုပ်ခ လစာ အများဆုံးပီးနီရသည့် အသင်းဖြစ်သည်။
ယင်းအပြင် နည်းပြတန်ဟတ်ဂ်သည် အသင်း၌ ပုံမှန်ခြီစွမ်းလောက်ရာ ပြနိုင်သည့် ကဇတ်သမားများကို ရောင်း ထုတ်ရန် စီစဉ်နီကြောင်းလေ့ သိရသည်။
Photo – Up to Date Manchester United News