APM ၊ ဂျန်နဝါရီ ၁၀ / ၂၀၂၃
ပေါ်တူဂီအသင်းသည် နည်းပြ ဖာနန်ဒိုဆန်းတို့စ် နီရာတွင် ဘယ်လ်ဂျီယံအသင်းနည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်ကို အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။
ဖာနန်ဒိုဆန်းတို့စ်သည် ပြီးခသည့် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမဟိ နန့် ယှုံးနိမ့်ခပြီးနောက် ပေါ်တူဂီနည်းပြရာထူးမှ နှုတ်ထွက်ခခြင်း ဖြစ်သည်။
အသက် ၄၉ နှစ်အရွယ် မာတီနက်ဇ်သည် ပေါ်တူဂီအသင်း၏ တတိယမြောက် နိုင်ငံခြားသားနည်းပြဖြစ်ပြီး အသင်း နန့် ၂၀၂၆ အထိ စာချုပ်ချုပ်ထားကြောင်းသိရသည်။
မာတီနက်ဇ်က“ကျနော့်အနီနန့်ကမ္ဘာ့အထူးချွန်ဆုံးအသင်းမှာ ကိုယ်စားပြုခွင့်ရလို ဝမ်းသာပါရေ။ အသင်းမှာ ရည် မှန်းချက်ကြီးကြီးမားမား ဟိစွာကို ကျနော် နားလည်ပါရေ။ ဒေဂုပိုင် အသင်းကြီးကို ကိုင်တွယ်ရဖို့ အတွက်လေ့ စိတ်လှုပ်ယှားမိပါရေ”ဟု သူ၏ တွစ်တာတွင် ပြောကြားခသည်။
မာတီနက်ဇ်သည် ဘယ်လ်ဂျီယံအသင်းကို ၆ နှစ်ကျော် ကိုင်တွယ်ခပြီး၊ ကာတာကမ္ဘာ့ဖလားအပြီးမှာ ဘယ်လ် ဂျီယံ နည်းပြအဖြစ်မှ နှုတ်ထွက်ခခြင်း ဖြစ်သည်။
Source – Portugal appoints former Belgium and Everton manager Roberto Martinez as new head coach.
Photo – talkSpORT