
APM ၊ ဂျန်နဝါရီ ၁၀ /၂၀၂၃
ဝေးလ်လက်ရွီးစင်အသင်း၏ ဂိုးသွင်းအများဆုံး ကဇတ်သမား ဂါရတ်ဘေးလ်သည် ဘောလုံးလောကမှ အနားယူ ကြောင်း ၎င်း၏ ဆိုချယ်မီဒီယာချန်နယ်များထက်၌ ဂျန်နဝါရီ ၉ ရက်နိက တရားဝင် ကြေညာလိုက်သည်။
“အသေအချာစဉ်းစားပြီးခါမှ ကလပ်နန့် နိုင်ငံတကာဘောလုံးလောက ကနီ ချက်ချင်းအနားယူကြောင်း ကြေညာ ခစွာပါရာ” ဟု ဘေးလ်က ပြောသည်။
ဘောလုံးလောကမှအနားယူရန်ဆုံးဖြတ်ချက်က သူ့ဘဝမှာအခက်ခဲဆုံးဟု ဆိုလိုက်ပြီး၊”ကျနော်ချစ်တေဘောလုံး ကဇတ်ဖို့ စိတ်ကူးယဉ်အိပ်မက် အကောင်အထည်ဖော်နိုင်ခရေအတွက် တပျင်းကံကောင်းခရေလို့ ခံစားရပါရေ။ အေချင့်စွာ ကျနော့်ဘဝ၏ အကောင်းဆုံးအခိုက်အတန့်တချို့ကို အမှန်အကန်ပီးစွမ်းခစွာပါ”ဟု ဘေးလ်က ရင်ဖွင့် ခသည်။
ဂါရတ်ဘေးလ်သည် အသက် ၁၆ နှစ်အရွယ်ကပင် ဆောက်သမ်တန်အသင်းနန့်အတူ ပရော်ဖက်သျှင်နယ် ကဇတ် သမားဘဝကို စတင်ခပြီး၊ ၂၀၀၇ ခုနှစ် မေလတွင် စပါးအသင်းသို့ ပြောင်းရွှိခသည်။ယင်းနောက် ၂၀၁၃ ခုနစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှိကြေး ပေါင် ၈၅ သန်းနန့် ရီးရဲမက်ဒရစ်သို့ ပြောင်းရွှိလာကာ ကုန်ခသည့် နွီရာသီကမှ အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှိ ကဇတ်ခသည်။
အသက် ၃၃ နှစ်အရွယ် တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်သည်ပရီးမီးယားလိဂ်တွင် ၎င်း၏စွမ်းဆောင်ရည်များ အတွက် တဦးချင်းဆု အများအပြားကို ဆွတ်ခူးရဟိခပြီး၊ ဆောက်သမ်တန်၊ စပါး၊ ရီးရဲမက်ဒရစ်နန့် LAFC ရို့နန့် ထူးချွန်ထက်မြက်သော ကဇတ်သမားဘဝ အဆုံးသတ်ကာ ဝေးလ်ဘောလုံးသမိုင်း၏ အကောင်းဆုံး ကဇတ် သမားဘဝကို ထူထောင်နိုင်ခသူဖြစ်သည်။
Source – Gareth Bale announces retirement from professional football
Photo – CNN
