
APM ၊ ဂျန်နဝါရီ ၁၀ / ၂၀၂၃
ဘရာဇီးနိုင်ငံ၊ ဘရာစီးလီးယား(Brasilia) မြို့တွင် ဂျန်နဝါရီ ၈ ရက်နိက သမ္မတဟောင်း Bolsonaroကို ထောက်ခံ သူများသည် တရားရုံးချုပ်၊ လွှတ်တော်အဆောက်အအုံနန့် သမ္မတအိမ်တော်ရို့ကို ဝင်ရောက်စီးနင်းခပြီးနောက် ဘရာဇီးသမ္မတ Luiz Incio Lula Da Silva က လုံခြုံရီး အမိန့်တရပ် ကို ထုတ်ပြန်လိုက်ပြီး လူပေါင်း ၁၅၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။
အဓိကရုဏ်းများဖြစ်ပွားပြီးနောက် ဘရာဇီးသမ္မတ Lula က “ယင်းဖြစ်စဉ်ကို အကြမ်းဖက်မှုဟု သုံးနှုန်းလိုက်ပြီး၊ ပြင်းထန်စွာရှုံ့ချကာ ကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူလားမည်ဖြစ်ကြောင်း” ပြောဆိုသည်။
ယင်းနောက် သမ္မတ Lula သည် မြို့တော်အတွက် လုံခြုံရီးဆိုင်ရာအမိန့်တရပ်ကို ထုတ်ပြန်လိုက်ပြီး၊ ယင်းအမိန့် သည် ဂျန်နဝါရီ ၃၁ ရက်နိအထိ အကျိုးသက်ရောက်မည်ဟု ဆိုသည်။
“အဓိကရုဏ်းနန့်ဆက်စပ်၍ လူပေါင်း ၁,၅၀၀ ခန့်ကို ဖမ်းဆီးထားသည်”ဟု ဂျန်နဝါရီ ၉ရက်နိပြုလုပ်သည့်သတင်း စာယှင်းလင်းပွဲ၌ နိုင်ငံ၏ တရားရီးဝန်ကြီး Flavio Dino က ပြောကြားခသည်။
ယင်းအပြင် မြို့တော်သို့ ဆန္ဒပြသူများအား ပို့ဆောင်ရာတွင် အသုံးပြုခသည့် ဘတ်စ်ကား အစီး ၄၀ ခန့်ကိုလေ့ သိမ်းဆည်းရမိခကြောင်း Flavio Dino က ဆိုသည်။
အထူးသဖြင့် ဘရာဇီးလ်တရားရီးဝန်ကြီး Flávio Dino က “ဒေကိစ္စမှာ သမ္မတဟောင်း Bolsonaro အနီနန့် နိုင်ငံရီး အရ တာဝန်ဟိကြောင်း “ ပြောကြားခသည်။
ဘရာဇီးသမ္မတဟောင်း Bolsonaro သည် သမ္မသစ်Lula ၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် နှစ်ရက်အလို၌ ဘရာဇီး နိုင်ငံမှ အမေရိကန်သို့ ထွက်ခွာလားခပြီး၊ လက်ဟိတွင် Bolsonaro သည် ဝမ်းနာသဖြင့် ဖလော်ရီဒါပြည်နယ်ဟိ ဆီးရုံတရုံတွင် ဆီးကုသမှုခံယူနီကြောင်း ၎င်း၏ဇနီးဖြစ်သူ Michelle Bolsonaro က Instagram မှာ ဂျန်နဝါရီ ၉ ရက်နိ က ရွီးသားဖော်ပြခသည်။
သမ္မတဟောင်း Bolsonaro သည် ၂၀၁၈ ခုနှစ်တွင် ဓားထိုးခံခရပြီးနောက်ပိုင်း ဝမ်းနာခြင်းဝေဒနာဖြင့် မကြာ မကြာ ရုန်းကန်နီခရကြောင်း သိရသည်။
Source – Brazil Congress: Mass arrests as Lula condemns ‘terrorist’ riots
Photo – AFP
